ကျောက်ဆည် ဇီဝနည်းပညာ သုတေသနဌာန အတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ် ဂိတ်စခန်း ဗုံးပစ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဌာန အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းဂိတ်ကို ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်ဆည်ခရိုင်ကာ ကွယ်ရေးတပ်ဖွဲ့(Kyaukse District Defense Force-KDDF) က ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများထံက သိရသည်။

“သူတို့(KDDF)ကတော့ ဗုံးနဲ့ပစ်ပြီးပြေးတာပေါ့နော်။ အဲဒီဝင်းထဲက စစ်သားတစ်ယောက် နှစ်ယောက်လဲကျသွားတာတွေ့လိုက်ရတယ်။ ဗုံးနဲ့ ပစ်တဲ့အချိန်မှာ လမ်းပေါ်မှာ သွားလာသူ တွေရှိပေမယ့် ထိမိခိုက်မိတာတော့မတွေ့ပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ တံစိုးဂိတ်ရပ်ကွက်ရှိ ဇီဝနည်းပညာသုတေသန ဌာနဝင်းအတွင်းတွင် တပ်စခန်းဂိတ်ဖွင့်ထားသော စစ်ကောင် စီတပ်ဖွဲ့ကို ယနေ့ မွန်းလွဲ ၂ နာရီခန့်က ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီသား ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း KDDF က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၅ ရက်နေ့က ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ တလိုင်းကုန်းကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အား KDDF က သုတ်သင်ရှင်းလင်းခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s