ဒီပဲယင်း၊ လက်ယက်ကုန်းရွာ မူလတန်းကျောင်းကို စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှု မူလတန်းကျောင်းသား ၆ ဦး သေ ဆုံးပြီး ကလေးငယ် ၂၀ ကျော် ဒဏ်ရာရ ၊ ဆ ရာမ ၂ ဦးနှင့် ဒဏ်ရာရ မူလတန်းကလေး ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ မူလတန်းကျောင်းကို စစ်ရဟတ်ယာဉ် ၅ စီးဖြင့် ယမန်နေ့ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ မူလတန်းကျောင်းသား ၆ ဦး သေဆုံးပြီး ကလေးငယ် ၂၀ ကျော် ဒဏ် ရာ အပြင်းအထန်ရရှိကြောင်း၊ဒဏ်ရာရ ကလေးငယ် ၂၀ ကျော်နှင့် ဆရာမ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများနှင့် ကျောင်းသားမိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် Mi35 တိုက်ခိုက်ရေး ရဟတ် ယာဉ် ၅ စီးဖြင့် ကျောင်းဖွင့် စာသင်နေသော လက်ယက်ကုန်းကျေးရွာ မူလတန်းကျောင်းကို ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ကလေးငယ် ၆ ဦးပွဲချင်းပြီး သေဆုံးပြီး ကလေးငယ် ၂၀ ကျော် ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရှိရသည်။

“ပထမ ရဟတ်ယာဉ် ၅ စီး နဲ့လာတယ်။ ၃စီးကတော့ အမြင့်ကနေ ပစ်ခတ်တာတွေလုပ်တယ်။ ၂စီးက ပြေပြင်ကို စစ်သားတွေချတယ်။ အဲဒီလိုပစ်နေတာကို မြင်တော့ သားသမီးဇောနဲ့ ပစ်နေရာကနေ ကျောင်းထဲကို ကျွန်တော်ပြေးဝင်သွား တယ်။ အဲဒီမှာကလေးတွေ မျက်လုံးတွေ ထွက်ကျနေတဲ့သူတွေက ထွက်ကျ၊ ခြေထောက်မှန်လို သွေးတွေထွက်နေတဲ့ ကလေးတွေ ထွက်နေတာတွေမြင်ခဲ့ရတယ်။ ပြီးတော့သေနေတဲ့ကလေးတွေလည်းမြင်ခဲ့ရတယ်။ ခဏနေတော့ မြေပြင်ကနေ ကျောင်းထဲကို စစ်သားတွေရောက်လာပြီး ကလေးတွေကို မြေပြင်မှာ အကုန်ဝမ်း လျှားမှောက်ခိုင်းတယ်။ ဒဏ်ရာရနေတဲ့ ကလေးတွေ ၂၀ကျော် ကို ဖမ်းသွားတယ်။ ဖမ်းတဲ့အထဲမှာ ကျွန်တော်သားလေးလည်းပါသွားတယ်ဗျာ။ နောက်ထပ် ကျွန်တော်မြင်လိုက်ရတာက သေဆုံးနေတဲ့ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို သူတို့နောက်ကပိုးတဲ့ ခြင်းထဲ ထည့်သွားတာမြင်လိုက်ရတယ်” ဟု လက်ယက်ကုန်းဒေသခံကျောင်းသားမိဘတစ်ဦးကပြောဆိုသည်။

ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲခေါင်းဆောင်ဆရာဂျိမ်းက “ကလေးတွေအပေါ် စစ်တပ်က ရည်ရွယ်ချက် ရှိရှိနဲ့ အခုလို ပစ်ခတ် တိုက်ခိုက်ခဲ့တာ။ တိုက်ခိုက်တာတောင် ခြောက်လှန့်ရုံတင်မဟုတ်တော့ဘဲ လေယာဉ်သုံးစီးနဲ့ကို ကလေးတွေ စာသင်နေတဲ့ကျောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီက ပစ်လို့ ကလေးငယ်၆ဦးနေရာတင်သေဆုံးခဲ့ရတယ်။ နောက်ထပ်ကလေးငယ်၂၀ ဦးပြင်းထန်ဒဏ်ရာတွေရရှိခဲ့သလို မျက်လုံးကန်းတဲ့သူ၊ခြေကျိုး၊လက်ကျိုးသူတွေရောအများကြီးရှိနေတယ်။ စစ်တပ်က ကျနော်တို့ကို စိန်ခေါ်တာပါ” ဟု ပြောဆိုသည်။

လက်ယက်ကုန်းရွာမှ မူလတန်းကလေးငယ်များကို စစ်ကောင်စီက ယမန်နေ့က ခေါ်ဆောင်သွားခဲ့ပြီး ဒဏ်ရာရသော ကလေးငယ် ၂ ဦး သေဆုံးသွားကြောင်း၊ ထို့ကြောင့် စစ်တပ်က ရေဦးသုဿန်တွင် ယနေ့ ၁၇ ရက်နေ့ နံနက်ပိုင်း မီးသဂြိုလ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင် ကျောင်းထဲမှာ ရှိနေတဲ့ ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၁ ဦး သေဆုံးတယ်။ ရွာအပြင်မှာတော့ အသက် ၁၁ နှစ်ရွယ် ကလေး ၁ ဦး ကျေးရွာ ပြည်သူ ၅ ဦး သေဆုံးတယ်လို့ သိရတယ်။ လက်ရှိ အချိန်အထိ အတည်ပြုနိုင်တာ ၁၀ ဦးလို့အထိပဲ ရှိသေးတယ်။ စသင်ကျောင်းထဲက ‌ကလေးအလောင်းတွေပါ စစ်ခွေးတွေ ယူသွားတယ်လို့ သိရတယ်။ ဒီမနက် သတင်းဆိုးတစ်ခု ထပ်ကြားရတယ်။ အဲဒါ‌ကတော့ ရေဦးသုဿာန်မှာ ပီနံအိတ် ၂ လုံးနဲ့ အလောင်းတွေ မီးလာရှို့တယ်တဲ့ မိန်းကလေးနှစ်ဦးပါပြီး ဦးခေါင်းတွေမရှိတော့ဘူးလို့ သတင်းရထားတယ်။ ကလေးအလောင်း တွေ ဖြစ်ဖို့များတယ်။ အလောင်းဖျောက်တဲ့သဘောပဲ။ ဘယ် လောက်ထိခိုက်မှုရှိလည်း မသိရသေးဘူး” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

One comment

  • The world and UN Security are Blind and Dumb,Where are the truth? , Jangle Law are world Trust? Only the strong will win ?

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s