ဒီပဲယင်း လက်ယက်ကုန်းကျေးရွာ စာသင် ကျောင်းကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ် ခတ်မှုကြောင့် ကလေးငယ် ၆ ဦးသေဆုံးမှု စစ်ရာဇဝတ်မှုမြောက်ဟု NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိမှုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြင်းထန်စွာ ရှုတ်ချပြီး စစ်ကောင်စီက ဖမ်းဆီးသွားသည့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများကို မည်သည့်အန္တရာယ်မှ မကျရောက်စေဘဲ အမြန်ဆုံးပြန်လွှတ်ရန်လိုအပ်ကြောင်း NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက် ယနေ့ ထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ ၁၆ ရက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ ဒေ သခံများ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထသော စာသင်ကျောင်းတွင် စာသင်နေသည့် ကလေး ၆ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီ၏ မြေပြင်တပ်ဖွဲ့များသည် ကျောင်းတွင်းပိတ်မိနေခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ စုစုပေါင်း ၂၀ ဦးခန့်ကို ရေဦးမြို့နယ်ဘက်သို့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် လူမဆန်သည့်၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုဖြစ်ပြီး အဆိုပါ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို NUG က အသေးစိတ် မှတ်တမ်းတင်ထားကြောင်း၊ တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်ဟု ဆိုသည်။

ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေး (Right to Education) ကို ဆိုးရွာစွာ ချိုးဖောက်မှု၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း အားဖြည့်ပံ့ပိုးရန် တာဝန်ရှိကြောင်း NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s