ဒေါ်လာရည်ညွှန်းနှုန်း ပြောင်းလဲရန် အစီအစဉ် မရှိသေးကြောင်း ဗဟိုဘဏ်ပြော

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာရည်ညွှန်းနှုန်းပြောင်းလဲရန်အစီအစဉ် မရှိသေးကြောင်းသိရသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ရည်ညွှန်းနှုန်း ၂,၁၀၀ ကျပ်သတ်မှတ်ထားပြီး အဆိုပါနှုန်းထားအား ပြောင်းလဲရန်အစီအစဉ်မရှိသေးကြောင်း ဗဟိုဘဏ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောထားသည်။

“လူမှုကွန်ရက်တွေမှာ ဖြစ်ပေါ်နေတာဟာ ကောလာဟလ သတင်းတွေသာ ဖြစ်ပါတယ်၊ မှန်ကန်ခြင်းမရှိပါဘူး” ဟု ၎င်းက အင်တာဗျူးတစ်ခုတွင် ဖြေကြားထားသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ရည်ညွှန်းနှုန်း ၁,၈၅၀ ကျပ်မှ ၂,၁၀၀ ကျပ်သို့ ယခုနှစ် ဩဂုတ်လ ၅ရက်နေ့က ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

တစ်ဒေါ်လာလျှင် ၁,၈၅၀ ကျပ် သတ်မှတ်ထားချိန်က ပြင်ပဒေါ်လာဈေးကွက်တွင် ၂,၂၀၀ ကျပ်ဝန်းကျင်ဖြင့်အရောင်းအဝယ်ပြုလုပ်ပြီးနောက်၊ ၂,၁၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်ချိန်တွင် ပြင်ပဒေါ်လာဈေးကွက်မှာလည်း မြင့်တက်လာခဲ့သည်။

ယနေ့ စက်တင်ဘာ ၁၇ရက် ပြင်ပဒေါ်လာငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၃,၃၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်း စုံစမ်းသိရှိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s