ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ၎င်း၏ သားဖြစ်သူ ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD )မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်မမလေး နှင့်သားဖြစ်သူတို့ကို ထောင်ဒဏ် ခြောက်နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေး နှင့် ၎င်း၏သားဖြစ်သူကို စက်တင်ဘာလ ၁၄ ရက်တွင် တောင်လေးလုံးထောင်ထဲရှိ တ ရားရုံး၌ အမှုစစ်ဆေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂-က ဖြင့် ထောင်ဒဏ် ခြောက်နှစ်စီ ချမှတ်ခဲ့ကြောင်း ပင်းတယဒေသခံများထံမှ သိရသည်။

အသက် ၅၈ နှစ်ခန့်ရှိသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေးမှာ ပင်းတယမြို့နယ်၊ ပေါက်တောရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အသက် ၃၀ ခန့်ရှိသော သားဖြစ်သူ သမဝါယမ CDM ဝန်ထမ်း ကိုနေမျိုးထက်နှင့်အတူ သားအမိ နှစ်ဦးစလုံး ပြီးခဲ့သည့် မတ်လ ၁၄ ရက် ည ၁၀ နာရီခန့်က နေအိမ်၌ ဖမ်းဆီးခံခဲ့ရပြီးနောက် ဇွန်လ ၂၅ ရက်တွင် နေအိမ်ချိပ်ပိတ်ခံခဲ့ရသည်။

”ဒေါ်မမလေးရော သူ့သားရော အမှုက အတူတူပါ၊ ၅၂ -က နဲ့ပါ၊ ပထမက ငါးနှစ်ချတယ်၊ အိမ်နဲ့ကားနဲ့ ပြန်ပေးပြီးတော့ ခြောက်နှစ်ဖြစ်သွားတယ် လို့သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေါ်မမလေးမှာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ နှစ်တို့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်ဆက် အနိုင်ရရှိထားသူဖြစ်ပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေးသည် ပင်းတယရှိ NLD ကိုယ်စားလှယ်များထဲတွင် ပထမဆုံးဖမ်းဆီးခံရသူဖြစ်ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s