ပြည်မြို့တွင် ရေဘေးအတွက် လှူဒါန်းထားသည့် ကယ်ဆယ်ရေးစက်လှေကို စစ်ကောင်စီ မတရားသိမ်းယူရန် ကြိုးပမ်းနေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဖိုးခေါင်ရပ်ကွက်နှင့် ချောင်းနားတန်းရပ်ကွက်တို့တွင် ရေဘေးအတွက် လှူဒါန်းထားသည့် ရပ်ကွက်ပိုင် ကယ်ဆယ်ရေးစက်လှေကို စစ်ကောင်စီမှ မတရားသိမ်းယူရန် ကြိုးပမ်းနေကြောင်း ရပ်ကွက်နေပြည်သူများထံက သိရသည်။

အဆိုပါ ကယ်ဆယ်ရေးစက်လှေကို ရွှေပြည်နန်းကုမ္ပဏီမှ မိုးမေတ္တာပရဟိတအသင်းကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် နှစ်စဉ်ရေးကြီးနေသည့် ဖိုးခေါင်ရပ်ကွက်နှင့် ချောင်းနားတန်းရပ်ကွက်ကို ပြန်လည်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“မနက်က ဒကစ(ဒေသကွပ်ကဲရေးစစ်ဌာနချုပ်)နဲ့ စစ်ကောင်စီကကောင်တွေ လာကြည့်သွားတယ် ။ ဓာတ်ပုံလာရိုက်သွားပြီး ပန်းခြံလှေဆိပ်ကို ပို့ပေးရမယ်ပြောတယ် ။ ဒါက ရပ်ကွက်ကို မိုးမေတ္တာက လှူပေးထားတာ ကျနော်တို့ နေရာက မြေနိမ့်ပိုင်းလည်းဖြစ်တယ် ။ နှစ်စဉ်ရေကြီးတာတွေရှိတယ် ။ ရေနှစ်ရင်လည်း အဲ့ဒါနဲ့ပဲ ကူပေးရတာ ရပ်ကွက်ကတော့ ဘယ်ပေးချင်မလဲ ။ အခုက အာဏာရှင်ခေတ်ဆိုတော့ မပြောရဲကြဘူး”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ပြည်မြို့တွင်၂၀၁၅ခုနှစ်က ရေဘေးသင့်ခဲ့ပြီးနောက် အဆိုပါစက်လှေအား ရပ်ကွက်နှစ်ခုထံ မိုးမေတ္တာက လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီမှ မိုးမေတ္တာအသင်းကို အငြိုးထားနေသည့်အတွက် စက်လှေကို သိမ်းယူရခြင်းဖြစ်နိုင်ကြောင်း အသင်းဥက္ကဌက မှတ်ချက်ပြုပြော သည်။

စစ်ကောင်စီတပ်မှ မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် မိုးမေတ္တာအသင်းကို အကြောင်းအမျိုးမျိုးပြကာ ပိတ်သိမ်းခဲ့ပြီး အသင်းသားအချို့ကိုလည်း ဖမ်းဆီးခြင်းပြုလုပ်သည့် ဖြစ်ရပ်ရှိခဲ့ဖူးသည်ဟု သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s