မုံရွာတွင် PDF အယောင်ဆောင်ကာ ငွေညှစ်နေသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး၊ တန့်ဆည်နှင့် ခင်ဦးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ လမ်းသွားလမ်းလာများကို ခြိမ်း ခြောက်ငွေညှစ်နေသည့် ပျူစောထီးအဖွဲ့ကို စက်တင်ဘာလ ၁၆ ရက် ယမန်နေ့တွင် PDF – South Monywa အဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၇ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်တွင် တောပုကျေးရွာမှ ပျူစောထီးများသည် ဆည်ပေါက်တွဲအနီး၌ လမ်းသွားလမ်းလာများထံမှ ဆိုင်ကယ်များ၊ ဖုန်းများကို သိမ်းယူခြင်း၊ အမျိုးသမီးများကို ကာအိန္ဒြေပျက်သည်အထိ အဓမ္မ စစ်ဆေးခြင်းများ ပြုလုပ်နေစဉ် ၄၀ မမ လက်နက်ကြီးများအပါအဝင် လက်နက်ငယ်များဖြင့် အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF – South Monywa အဖွဲ့ထံမှ သိရှိရသည်။

ပစ်ခတ်တိုက်ခိုက်ပြီးနောက် ပျူစောထီး အများအပြား ထပ်မံရောက်ရှိလာသဖြင့် လက်နက်များ ရယူခြင်းမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း နှင့် ပျူစောထီးများသည် အနီးဝန်းကျင်ကျေးရွာများကို ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း PDF – South Monywa က သတင်းထုတ်ပြန်ထားသည်။

အလားတူ စက်တင်ဘာလ ၁၇ ရက် ယနေ့နံနက် ၈ နာရီခွဲတွင် တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာမှ အောင်ချမ်းသာကျေးရွာဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရှိရသည်။

စစ်ကောင်စီစစ်ကြောင်းကို Guerrilla Warfare-K.P.K၊ TSR၊ Taze Tiger၊ Nine Star၊ တပ်ရင်း ၈၊ တပ်ရင်း၆၊ တပ်ရင်း၁၀၊ တပ်ရင်း၁၆၊ TCRLFPLA နှင့် PLA တပ်ဖွဲ့များမှ ဆွဲမိုင်း၁လုံး တိုက်မိုင်း၂လုံးဖြင့် စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Guerrilla Warfare-K.P.K က သတင်းထုတ်ပြန်သည်။

အလားတူ ယမန်‌နေ့ နေ့လယ်တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ မြို့တော်ခန်းမအနီး ပျူစောထီးများ သင်တန်းပေးနေစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ထိခိုက်ပျက်စီးမှုများ ရှိပြီး ပျူစောထီးသင်တန်းမှာ ရပ်နားသွားကြောင်း သတင်းရရှိသည်။

Armed Revolutionary Focce ARF- KU၊ Future Hero၊ Thunderstom (လျှပ်စီးမိုးကြိုး) အဖွဲ့များမှ ပူးပေါင်း၍ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီးပေါက်ကွဲသံများ၊ စစ်ကောင်စီတပ်ဖွဲ့ဘက်၏ ပြန်လည် ပစ်ခတ်သံများ အဆက်မပြတ် ကြားရကြောင်း Armed Revolutionary Force K.U က သတင်းထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s