မြန်မာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်က ကုလကိုတိုင်တန်းနိုင်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း မြန်မာစစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲသဖြင့် လူသေဆုံးမှုရှိလာရာ အခြေအနေတင်းမာနေကြောင်း ဒါကာမှလာသော သတင်းများက ဆိုသည်။

မြန်မာစစ်တပ်အနေဖြင့် လက်နက်ကြီးများဆက်လက် ပစ်ခတ်နေပါက ကုလသမဂ္ဂကို တိုင်တန်းသွား မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ပြောကြား သည်ဟု DhakaTribune သတင်းစာက ယမန်နေ့ (စက်တင်ဘာ ၁၇) တွင် ရေးသားသည်။

နယ်စပ်စည်းမျဉ်း ချိုးဖောက်မှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အကြိမ်ကြိမ် သတိပေး ပြီးဖြစ်သော်လည်း မြန်မာဘက်က အလေးမထားကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ယမန် နေ့တွင် ထုတ်ဖော်ပြာဆိုသည်။

“သူတို့နိုင်ငံထဲမှာဖြစ်တဲ့ ပဋိပက္ခက သူတို့နယ်မြေထဲမှာပဲ ဖြစ်သင့်တယ်။ နောက်တစ်ကြိမ်တော့ မြန်မာ ဘက်က သတိထားမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် သောကြောနေ (စက်တင်ဘာ ၁၆) နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အနည်းဆုံး လူတစ်ဦးသေဆုံးကာ ခြောက်ဦးအပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဘင်္ဂလာဒေ့ရှ်အနေဖြင့် မြန်မာနှင့် စစ်မဖြစ်လိုကြောင်း၊ သံတမန်ရေးနည်းအရသာ ငြိမ်းချမ်းစွာဖြေရှင်း သွားမည်ဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောသည်။

၂၁၀၇ ခုနှစ်က စတင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍၍ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ အကြား သံတမန်ရေးအခြေအနေ တင်းမာခဲ့ဖူးသည်။ စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး များကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံခဲ့ရပြီး အဆိုပါကိစ္စအပေါ် ယနေ့အထိ နှစ်နိုင်ငံအငြင်းပွားနေဆဲဖြစ်သည်။

လက်တလော ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းမြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲများဖြစ်ပွားနေ သည်။ ပြီးခဲ့သည့်လတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်နှင့် ရဟတ် ယာဉ်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ကျူးကျော်ပျံသန်းခြင်း၊ လက် နက်ကြီးကျရောက်ပေါက်ကွဲ ခြင်းများကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ဒါကာရှိ မြန်မာသံအမတ်ကိုဆင့်ခေါ်ကာ နှစ်ကြိမ်ထက်မနည်း သတိ ပေးခဲ့သည်။

ယင်းသို့သတိပေးသော်လည်း လက်နက်ကြီးကျည်များ ဆက်လက်ကျရောက်နေပြီး လူသေဆုံးအထိ ဖြစ်လာသောကြောင့် ကုလသမဂ္ဂအထိ တိုင်တန်းသွားရန်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် ထုတ်ဖော်ပြောလာခြင်းဖြစ်သည်။

မြန်မာစစ်တပ်က နယ်စပ်စည်းမျဉ်းကျော်ကာ လေကြောင်းပျံသန်းမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ အခိုင်အမာ ဆိုပြီးဖြစ်သော်လည်း တစ်ဖက်နိုင်ငံထဲ သို့ လက်နက်ကြီးကျရောက်ခြင်းမှာ AA နှင့် ARSA တို့၏ လက်ချက်ဖြစ် ကြောင်း စစ်ကောင်စီက တုံ့ပြန်သည်။

နယ်စပ်ခြံစည်းရိုးအနီးရှိ လုံခြုံရေးကင်းစခန်းများကို AA နှင့် ARSA အဖွဲ့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်းလည်း စစ်ကောင်စီက ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတဆင့် စွပ်စွဲပြောဆိုသည်။

၂၀၁၅ ခုနှစ်က ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများအတွင်း မြန်မာစစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များ တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲသဖြင့် လေတပ်အဆင့်မြင့် အရာရှိတစ်ဦးကို ရာထူးမှဖယ်ရှားခဲ့ရသည့်အပြင် တရုတ်အစိုးရကို အလျော်ပေးခဲ့ရဖူးသည်။

ထို့ပြင် ယခုနှစ် ဇွန်လအတွင်းက ကရင်ပြည်နယ် မြဝတီမြို့နယ်နယ်၌ တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများဖြစ်စဉ် မြန်မာစစ်တပ်၏ တိုက်လေယာဉ်များ ထိုင်းနိုင်ငံလေပိုင်နက်ကို ကျူးကျော်ပျံသန်း ခြင်းနှင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် သတိပေးခံခဲ့ရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင AA နှင့် တိုက်ပွဲအပြင်းအထန် ဆက်ဖြစ်နေကာ လေကြောင်းနှင့်လက် နက် ကြီးပစ်ကူ အပါအဝင် အင်အားအလုံးအရင်းဖြင့် တိုက်ခိုက် နေသော်လည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိသည့်အပြင် စ ခန်းအချို့လည်း ဆုံးရှုံဂ ထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s