မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ဝင် AA ၊ MNDAA ၊ NDAA ၊ SSPP တို့နှင့် UWSA တွေ့ဆုံ

NCA စာချုပ်ကို လက်မှတ် မထိုးရသေးသည့်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်း ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေးဆွေး နွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင် AA ၊ MNDAA ၊ NDAA ၊ SSPP /SSAA အဖွဲ့များနှင့် UWSA က တွေ့ဆုံခဲ့ကြောင်း ကိုးကန့် MNDAA သတင်းဌာန The Kokang က သတင်းဖော်ပြသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက “ဝ” ပြည်နယ်သို့ လာရောက်ပြီး UWSA နှင့်တွေ့ဆုံခဲ့ကြောင်း ၊ မိုင်းလား အထူးဒေသ(၄) NDAA နှင့် ရှမ်းပြည်တပ်မတော် SSPP / SSAA တို့ လာရောက် ဆွေးနွေးကြကြောင်း၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ခေါင်းဆောင်နှင့် ကိုယ်စားလှယ် အဖွဲ့ “ဝ” ပြည်နယ်သို့ လာရောက်ကြောင်း၊ AA မှ ဒုစစ် ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က “ဝ” ပြည်နယ်လာရောက်ပြီး UWSA နှင့် တွေ့ဆုံ ဆွေးနွေးကြောင်း သတင်းများ ဖော်ပြထားသည်။

တွေ့ဆုံကြသည့် အကြောင်းအရာနှင့် တွေ့ဆုံ ဆွေးနွေးမှု အသေးစိတ်များကို တိုင်းရင်းသားလက်နက်ကိုင်များဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။ ရန်ကုန်ခေတ်သစ်က UWSA မှ ပြန်ကြားရေးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ တုံ့ ပြန်ဖြေကြားခြင်းမရှိသေးပေ။

FPNCC အဖွဲ့တွင် ၀” တပ်ဖွဲ့ UWSP/UWSA ၊ မိုင်းလား NDAA ၊ ရှမ်းတပ်ဖွဲ့ SSPP/SSAA ၊ ကိုးကန့်MNDAA ၊ ကချင်KIO ၊ တအာင်းTNLA နှင့် ရခိုင် AA တို့ကဲ့သို့ အင်အားကြီး တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ စုစည်းပါဝင်ကြသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s