ရခိုင်ပြည်နယ် ၆ မြို့နယ်၌ စစ်ကောင်စီက INGO/ NGO များကို ခရီးသွားလာခွင့် ကန့်သတ်

ရခိုင်ပြည်နယ်မှာ၊ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ) တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် NGO/ INGO ဝန်ထမ်းတွေကို  စစ်ကောင်စီက ရခိုင်ပြည်နယ်က မြို့နယ် ၆ ခုကို ခရီးသွားလာခွင့် ကန့်သတ်လိုက်ပါတယ်။

ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်လိုက်တဲ့ မြို့နယ် ၆ ခုကတော့ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ မြို့နယ်တွေ ဖြစ်ကြပြီး စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီးတော့ စက်တင်ဘာ ၁၆ ရက်နေ့ကနေ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာလို့ NGO ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ကိုတော့  စက်တင်ဘာ ၁၆ ရက်နေ့ကနေ မြို့နယ် ၆ ခုကို  လူသားချင်းစာနာမှု ဆိုင်ရာ ကူညီထောက်မှုတွေကို လုံခြုံရေးအကြောင်း ပြပြီး ရခိုင်နယ်လုံဝန်ကြီးက ယာယီရပ်ထားဖို့ဆိုပြီး အကြောင်းကြားလာတယ်။ ရက်ဘယ်လောက် ဆိုတာတော့ အတိအကျမပါဘူး။ အခု ကန့်သတ်ပိတ်ပင်လိုက်တဲ့ မြို့နယ် ၆ ခုက ရခိုင်စစ်ဘေးရှောင်တွေနဲ့ မွတ်ဆလင် ဒုက္ခသည်တွေ အများကြီးရှိတဲ့ မြို့နယ်တွေ ဆိုတော့ သူတို့အတွက် စားဝတ်ရေးနေနဲ့ ဆေးဝါးတွေက အစ တော်တော်လည်းကို ခက်ခဲသွားနိုင်တဲ့ အခြေအနေတယ်ရှိတယ်” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေနဲ့ မွတ်ဆလင် ဒုက္ခသယ်တွေကို စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်၊ WFP နဲ့ ICRC တို့က အဓိကစားဝတ်နေရေးနဲ့ လူသုံးကုန်၊ ငွေကြေးတွေကို ထောက်ပံ့ပေးနေကြတာဖြစ်ပြီး နယ်စည်းမခြား ဆရာဝန်အသင်းက ဆေးဝါးအခမဲ့ကုသမှုတွေကို ပြုလုပ်ပေးနေကြတာဖြစ်ပါတယ်။

NGO တွေကို အခုလို ခရီးသွားလာခွင့်ကန့်သတ်ပိတ်ပင်လိုက်တော့ စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေး လူမှုရေးကအစ လုံဝခက်ခဲသွားပြီလို့ ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင် တစ်ဦးကပြောပါတယ်။

“ကျနော်တို့ စစ်ဘေးရှောင်တွေမှာက စားဝတ်နေရေးနဲ့ ကျန်းမာရေး လူမှုရေးက အစ NGO/နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို အားကိုးနေကြရတာဖြစ်တယ်။ အခု NGO အဖွဲ့တွေကို ခရီးသွားလာခွင့် ပိတ်လိုက်တယ် ဆိုတော့ အခက်အခဲ ဖြစ်လာမှာက ပြောစရာတောင် မလိုတော့ဘူး။ အရပ်ဖက် အဖွဲ့တွေမှာကလည်း အလှူငွေတွေ ရရှိမှ ကျနော်တို့တွေကို လာလှူရတာဖြစ်တယ်။ အဓိက အားကိုးနေရတဲ့ NGO တွေကို သွားလာခွင့် ကန့်သတ်ပိတ်ပင်လိုက်တော့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ လူမှုရေးက အစတော်တော်လည်းကို ခက်ခဲသွားပြီးဖြစ်တယ်”လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေကြောင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေချိန်မှာ NGO တွေကို ကူညီခွင့် ပိတ်ပင်လိုက်တာက စစ်ဘေးရှောင်တွေနဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို အငတ်ဘေးဆိုက်ကပ်သွားအောင်လုပ်လိုက်တာလို့ ပရဟိတ လုပ်ကိုင်နေသူတွေက ပြောကြပါတယ်။ 

လက်ရှိစစ်ကောင်စီ လက်အောက်ခံ လူကယ်ပြန်ဝန်ကြီးဌာနကလည်း စစ်ဘေးရှောင်တွေကို ဆန်ရိက္ခာ ထောက်ပံ့မှု မရှိတာ အချိန်အတော်ကြာအထိရှိနေပြီလို့သိရပါတယ်။ 

အခုပိတ်ပင်လိုက်တဲ့ မြို့နယ် ၆ ခုမှာ လကြေးစဉ်ထောက်ပံ့ပေးနေရတဲ့ စစ်ဘေးရှောင်နဲ့ မွတ်ဆလင်ဒုက္ခသည် လူဦးရေ ၂၃၇,၀၀၀ ကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ ၆၀,၀၀၀ ကျော်လောက် နေရပ်မပြန်နိုင်သေးသလို တကျော့ပြန်တိုက်တွေကြောင့် စစ်ဘေးရှောင် ၅,၀ ၀၀ ကျော်ထပ် တိုးလာတယ်လို့သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s