ဝက်လက်နယ်မှ ဗိုလ်ကျားကြီးအဖွဲ့ ခြိမ်း ခြောက်ခံနေရ 

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်တွင် စစ်ကောင်စီကို တော်လှန်နေသော လက်နက်ကိုင်အဖွဲ့ အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွားပြီးနောက် ဗိုလ်ကျားကြီးအမည်ရ လက်နက်ကိုင်အဖွဲ့မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ခြိမ်းခြောက်မှုများ ကြုံတွေ့နေရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ပကဖအဖွဲ့ဝင်များ လာရောက်ပစ်ခတ်စဉ် ဗိုလ်ကျားကြီးအဖွဲ့မှ နှစ်ဦးသေဆုံးခဲ့ကာ နှစ်ဖက်လက်နက်ကိုင်အ ဖွဲ့များအကြား အခြေအနေတင်းမာလာပြီး လိုက်လံခြိမ်းခြောက်သည်အထိ ဖြစ်လာသည်။

ဗိုလ်ကျားကြီးအဖွဲ့ဝင်များကို လက်ခံထားခြင်းရှိမရှိ ကျေးရွာများအတွင်း လိုက်လံရှာဖွေနေပြီး လက်ခံထားပါက အရေးယူခံရမည်ဖြစ်ကြောင်း ပကဖအဖွဲ့က ဒေသခံများကို လိုက်လံသတိပေးနေသည်ဟု သိရသည်။

“ဗိုလ်ကျားအဖွဲ့ဝင်တွေ ဘယ်အိမ်မှာရှိသလဲစုံစမ်းတာတွေ လုပ်တယ်။ ရွာသူရွာသားတွေကို ဗိုလ်ကျားအဖွဲ့ဝင်တွေကို လက်မခံနဲ့နော်၊ လက်ခံရင် ခင်ဗျားတို့ကိုပါ ဖမ်းမှာဆိုတာမျိုးတွေ လုပ်နေတယ်” ဟု ဗိုလ်ကျားကြီးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

ဗိုလ်ကျားကြီးအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားကာ လာရောက်ဖမ်းဆီးမခံပါက ဖမ်းဝရမ်းထုတ်မည်ဖြစ်ကြောင်း ရွှေဘိုခရိုင် ပြည် သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်း ၂ လက်အောက်ခံ ဝက်လက်မြို့နယ် ပကဖအဖွဲ့ဝင်များက ပြောဆိုသည်ဟုလည်း ၎င်းက ပြော သည်။ 

ပြီးခဲ့သည့်လကုန်ပိုင်းက ဝက်လက်မြို့နယ်အရှေ့ပိုင်းတွင် စခန်းချကာ ဖြတ်သန်းသွားလာသည့် ကားများကို စစ်ဆေးနေသော ဗိုလ်ကျားကြီးအဖွဲ့ကို ပကဖအဖွဲ့က လာရောက်ပစ်ခတ်ခဲ့သည်။ 

ဗိုလ်ကျားကြီးအဖွဲ့မှ အသက် ၂၂ နှစ်အရွယ် ကိုရန်လင်းထွန်းနှင့် ၂၉ နှစ်အရွယ် ကိုစိုင်းမောင်တို့ သေဆုံးခဲ့ ပြီး ကိုရန်လင်းထွန်း၏ အမျိုးသမီးအပါအဝင် အခြားတပ်ဖွဲ့ဝင် ၁၂ ဦးကိုလည်း ပကဖအဖွဲ့က ဖမ်းဆီးသွားကာ လက်ရှိအချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးပေ။ 

ဗိုလ်ကျားအဖွဲ့ဝင်များကို ရှာဖွေခြင်း၊ ခြိမ်းခြောက်ခြင်းများ ရှိနေသည်ဆိုသော အချက်နှင့်ပတ်သက်၍ ရွှေဘို PDF၊ တပ်ရင်း ၂ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

သို့သော် ပြီးခဲ့သည့်လကုန်ပိုင်းက ဆက်သွယ်မေးမြန်းရာ၌ ဗိုလ်ကျားကြီးအဖွဲ့သည် ဝက်လက်မြို့နယ်အ တွင်း ကုန်းလမ်း၊ ရေလမ်း အသုံးပြုသွားလာနေသူများထံမှ ဆက်ကြေးတောင်းနေကြောင်း၊ သွားရောက် ထိန်းသိမ်းစဉ် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ရွှေဘိုခရိုင် PDF တပ်ရင်း ၂ တာ ဝန်ရှိသူက ပြန်လည်ဖြေကြားသည်။​

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ဗိုလ်ကျားကြီးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနထံ တိုင်ကြားခဲ့ပြီး သက်သေများကို ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ရွှေဘိုခရိုင် PDF ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူတစ်ဦးက တွေ့ဆုံညှိနှိုင်းလိုကြောင်း ဆက်သွယ်လာသော် လည်း လုံခြုံမှုမရှိဟု ယူဆကာ NUG ၏ တရားစီရင်ရေးကိုသာ စောင့်ဆိုင်းမည်ဟု ဗိုလ်ကျားကြီးအဖွဲ့က ဆုံးဖြတ်ခဲ့သည်။ 

“ခင်ဗျားအသက်ကို ကျုပ် အာမခံတယ်၊ လာရောက်ဆွေးနွေးပါပေါ့၊ ဘယ်လိုဆွေးနွေးကြဖို့လဲလို့ မေးတော့ ဖြစ်သွားတဲ့ပြဿနာကို နှစ်ဖက်တွေ့ပြီး ကြေအေးကြဖို့ပါတဲ့” ဟု ဗိုလ်ကျားကြီးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

သက်သေများပေးပို့ထားသော်လည်း NUG ၏ တုံပြန်မှု မရသေးဘဲရှိနေကြောင်း ဗိုလ်ကျားကြီးအဖွဲ့အတွက် ကူညီဆောင်ရွက်ပေးနေသူ အ မျိုးသားတစ်ဦးကလည်း ဆိုသည်။

“ဗိုလ်ကျားအဖွဲ့ကို တစ်ဖက်က လက်နက်အပြည့်အစုံနဲ့ ဝင်တိုက်တယ်။ ကျွန်တော်တို့က အခုအချိန်မှာ အမှန်တရားကို ကိုင်စွဲပြီး ဥပဒေနဲ့အညီ ရင်ဆိုင်ရမယ်။ NUG ရဲ့ တရားဥပဒေဆိုတာဘာလဲ၊ တရားစီရင် ရေးဆိုတာဘာလဲဆိုပြီး သူ့လက်အောက်ခံ ပကဖနဲ့ ရင်း ၂ က မေးလိုက်တာပါပဲ” ဟု ထိုသူက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက် NUG တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနေသော်လည်း အကြောင်းပြန် ကြားခြင်း မရှိသေးပေ။

စစ်ကိုင်းတိုင်းတောင်ပိုင်း ယင်းမာပင်မြို့နယ်တွင်လည်း လာဘို့ရွာခံ PDF ခေါင်းဆောင်အပါအဝင် လူ ၁၀ ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်အ တွက် ကပိုင်ရွာအခြေစိုက် PDF တပ်ရင်း ၄ တာဝန်ခံ ဆရာစံတွင် အဓိက တာဝန်ရှိသည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန စက်တင် ဘာ ၁၂ ရက်၌ ထုတ်ပြန်ခဲ့သည့်အပေါ် ဝေဖန်မှုများစွာ ရှိနေသည်။ 

ထိုသို့ PDF ချင်း ပစ်ခတ်သတ်ဖြတ်မှုတွင် ဗိုလ်သံမဏိ (ခေါ်) သပြေအေးဆရာတော် ပါဝင်ပတ်သက်မှုများ ရှိနေသော်လည်း NUG ၏ထုတ်ပြန်ချက်တွင် ထိုသူ၏အမည် မပါဝင်ခဲ့ပေ။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s