အချက်အလက်မှန်ကန်စွာ ဖြည့်သွင်းမထားသည့် မိုဘိုင်းငွေကြေးစာရင်းများကို ပိတ်သိမ်းမည်ဟု ဗဟိုဘဏ်ဆို

မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် အချက်အလက်မှန်ကန်စွာ ဖြည့်သွင်းမထားပါက ပိတ်သိမ်းသွားမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မိုဘိုင်းငွေကြေးစာရင်းတွင် ဖြည့်သွင်းထားသည့် ကိုယ်ရေးအချက်အလက်နှင့် ဖုန်းနံပါတ်များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဟု ဖော်ပြထားသည်။

“မသမာသူများ၏ ငွေကြေးလိမ်လည်မှုများ၊ တရားမဝင်ငွေလွှဲပြောင်းမှုများကြောင့် မဆုံးရှုံးစေရန်နှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများမှတဆင့် ငွေကြေးခဝါချမှုများနှင့် အကြမ်းဖက်မှုများအား ငွေ ကြေးထောက်ပံ့မှုများကို ထိန်း‌ကြောင်းရန်”ဟု ဗဟိုဘဏ်ဘက်က ဖော်ပြထားသည်။

ထို့ကြောင့် ကိုယ်ရေးအချက်အလက်များကို Level 2 အဆင့်မြှင့်ကြရန်နှင့် အချက်အလက်ပြည့်စုံစွာ မဖြည့်သွင်းသည့် အကောင့်များကို အ ပြီးတိုင် ပိတ်သိမ်းသွားမည်ဟု ဗဟိုဘဏ်က ဆိုထားသည်။

“တကယ်တော့ CDM သမားတွေကိုထောက်ပံ့တာ၊ PDF အဖွဲ့ဝင်တွေကို လှုဒါန်းတာတွေကို အဓိက ပစ်မှတ်ထားတယ်လို့မြင်တယ်။ Agent သမားတွေအနေနဲ့လည်း စကစရဲ့လမ်းညွှန်မှုအတိုင်းလိုက်မလုပ်ပါနဲ့လို့ တောင်းဆိုပါရစေ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

Mobile ငွေကြေးဝန်ဆောင်မှုများဖြစ်သည့် Wave Money , Kpay, CB Pay , AYA pay စသည်တို့မှ ငွေသွင်း၊ ငွေထုတ်သူများအား မှတ်တမ်းတင်ထားနိုင်ရန်အတွက် လျှို့ဝှက်ဓာတ်ပုံရိုက်ထားရန် နှင့် CCTV တပ်ဆင်ရန် Agent ဆိုင်များကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၁၅ရက်တွင် လျှို့ဝှက်စာဖြင့် ညွှန်ကြားညွှန်ကြားထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s