စစ်ကောင်စီတပ်နှင့် လက်အောက်ခံများ တပ်စွဲထားသည့် ပုလဲမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအား ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်ပစ် ခတ် ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီ၏ ပုလဲမြို့မရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူး(ထွေ/အုပ်)ရုံးအား ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅နာရီ ၄၈မိနစ်တွင် ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအင်အား ၁၀၀ ကျော်ခန့် သည် အဆိုပါ ရဲစခန်းနှင့်ရုံးအတွင်း တပ်စွဲထားသည်မှာ ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး အတွင်းသတင်းများအရ စစ်ကောင်စီမှ ခြောက် ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။

“ကျွန်တော်တို့က သူတို့ကို လေးဖက် ဝိုင်းပြီးပစ်တာ။ လက်နက်ကြီးနဲ့ အရင်စပစ်တယ်။ ပြီးတော့မှ လက်နက်ငယ်တွေနဲ့ဝိုင်းပစ်တာ။ ဟိုဘက်ကလဲ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်” ဟု God Of Myaing -People Defence Force အဖွဲ့တာဝန်ရှိသူ ကပြောသည်။

အဆိုပါ လုပ်ဆောင်မှုကို God Of Myaing People’s Defence Force ၊ ပုလဲတပ်ရင်း(၁) ၊ ပုလဲအခြေစိုက်ခရိုင်တပ်ရင်း(၈)၊ ပုလဲတပ်ရင်း(၂)၊ ပုလဲတပ်ရင်း(၄)၊ ပုလဲတပ်ရင်း(၆)၊ MPL၊သိန်းငှက်နီ၊ ShweHinThar၊ TKGF၊ နဂါးနီ၊ အညာမြေ၊ PCM၊ အညာဒေါင်း၊ ခိုင်လေး၊ Ever Freedom၊ MVRF(ပခုက္ကူတပ်ရင်း-၆)၊ စကားပျောက်ကျားတပ်ဖွဲ့နှင့် ပုလဲဒေသခံအဖွဲ့အစည်းများစွာ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s