မြိတ်ခရိုင်၌ ၁နှစ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၃၀ကျော်သေဆုံး ထိခိုက်ဒဏ်ရာရသူ ၂၇၀ကျော်ရှိဟု PDFထုတ်ပြန်

NUG အစိုးရမှ D-Day ကြေညာသည့် ရက်မှစ၍ တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် မြိတ်ခရိုင် တပ်ရင်း (၁)၊တပ်ရင်း (၂)တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၃၆ ဦးခန့် သေဆုံးခဲ့ပြီး ၂၇၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာတပ်ရင်း နှစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၁)သည် မြိတ်ခရိုင် ၊ပုလောအခြေစိုက်ဖြစ်ပြီး NUGအစိုးရမှ D-Day စတင် ကြေညာသည့် ၂၀၂၁ခုနှစ် ၊စတင်ဘာလ ၇ ရက်နေ့မှစ၍ သက်ဆိုင်ရာ EAO၊ ပကဖ၊ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (LDG)များနှင့် ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ချေမှုန်းခြင်း၊ အကြမ်းဖက်စစ်ကောင်စီကို အားပေးသည့် ဒေါက်တိုင်များကို ဖြိုဖျက်ခြင်းများ ပြုလုပ်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တစ်နှစ်တာ ကာလအတွင်း ပြည်သူ့ ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) နှင့် မဟာမိတ် ပူးပေါင်း အဖွဲ့များသည် အ ကြမ်း ဖက်စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ၄၁ကြိမ်နှင့် စစ်ကောင်စီအားပေး ဒေါက်တိုင်ကြီးများကို ဖြိုဖျက်ခြင်း လေးကြိမ်၊ စုစု ပေါင်း ၄၅ကြိမ် ဖြစ်ပွားခဲ့ရာ ထိုဖြစ်စဉ်များအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ စုစုပေါင်း ၂၀၆ ဦး၊ ဒဏ်ရာရရှိသူ ၂၅၇ ဦး ထက် မနည်း ရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် မိမိတို့ပြည်သူ့ ကာကွယ်ရေးတပ်မတော် မဟာမိတ်ပူးပေါင်း အဖွဲ့များဘက်မှ ရဲဘော် ရှစ်ဦး ကျဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း – (၂) သည် ပကဖ၊ ဒေသခံကာကွယ် ရေးတပ်များနှင့် ပူးပေါင်းပြီး တစ်နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ စုစုပေါင်း ၁၀ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဘက်က သေဆုံးသူ ၃၀ ခန့်ရှိပြီး ဒဏ်ရာ ရရှိမှု ၂၁ ဦး ထက်မနည်း ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲများကြောင့် ပြည်သူ့ကာကွယ်ရေး ဘက်ကမူ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပြီး ၊မြိတ်ခရိုင် တပ်ရင်း (၁)နှင့် တပ်ရင်း (၂) တို့သည် မဟာမိတ် တပ်များနှင့် ပူးပေါင်းပြီး ယခင်ကထက် စစ်ရေး အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တပ်ရင်းနှစ်ခုက အသိပေးထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s