မြို့ပြ UG အဖွဲ့၏ Jewellery Campaign သတ်မှတ်ရက်မတိုင်မီ မဲလက်မှတ်များ ကုန် စင်အောင် ရောင်းချနိုင်

မြို့ပြUG အဖွဲ့တစ်ဖွဲ့ဖြစ်သော Spring Revolution Flames (SRF)က မစ်ရှင်ဆောင်ရွက်ရန် လိုအပ်သည်များ ၀ယ်ယူနိုင်ရေး Jewellery Campaign တစ်ခုကို ပြုလုပ်ခဲ့ရာ သတ်မှတ်ရက်မတိုင်မီ မဲလက်မှတ် ကုန်စင်အောင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ယင်း Jewellery Campaign ကို စက်တင်ဘာလ ၇ ရက်မှ စက်တင်ဘာလ၂၀ ရက်နေ့အထိ မဲလက်မှတ် ၁၀၀၀ ရောင်းချပေးခဲ့ရာ သတ်မှတ်ရက်မတိုင်မီ သုံးရက်အလို ယမန်နေ့ စက်တင်ဘာလ ၁၇ရက်နေ့တွင် ကုန်စင်အောင် ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ မဲ ၁,၀၀၀ ပြည့်ပါပြီခင်ဗျာ။ သတ်မှတ်ရက်ထက် နဲနဲစောပါတယ် ။ ကျွန်တော်တို့ ဘက်က လိုအပ်ချက်တွေကိုလည်း မဲလာဝယ်သူများမှ ခွင့်လွှတ်သည်းခံပေးပါ ။ ထပ်မံ မဲလာဝယ်ကြသူများလည်း ရှိနေပါတယ် ။ ကျွန်တော်တို့ အတိုင်းအတာလေးထက် ပိုမယူရက်တော့လို့ပါ။ တစ်ခြား ညီအကို(အဖွဲ့) တွေကို ကူညီပေးမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ညီအကိုတွေ မဲလေးပြည့်လို့ ဝမ်းသာနေကြပါတယ် အလုပ် ဆက်လုပ်ဖို့လည်း အားတွေဖြစ်ရပါတယ်” ဟု Spring Revolution Flames(SRF)အဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် အသိပေးထားသည်။

ထို့ကြောင့် ယနေ့ စက်တင်ဘာလ ၁၈ရက် ညနေ ၃နာရီ ၃၀မိနစ် အချိန်တွင် မဲလက်မှတ်များကို မဲဖောက်၍ ကြေညာပေးသွားမည်ဟု သိရသည်။

ထို့အပြင် နွေဦးတော်လှန်ရေးအတွင်း နိုင်သည့်ဘက်မှ ပါဝင်ပေးနေကြသော ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း လေးစားကျေးဇူးတင်ကြောင်း ဆိုထားသည်။

ယနေ့ မဲဖောက်ပေးသွားမည့် Jewellery Campaign တွင် ဆုမဲများအနေဖြင့် ပထမဆု – စိန်နားကပ် တစ်ဖက်၊ တစ်ပဲခြောက်ရွေး ၊အလျော့ တွက်ပါပြီး (တန်ဖိုး ၁၅ သိန်းကျပ်၀န်းကျင်)၊ ဒုတိယဆု- အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ ဆွဲပြား ၊သုံးပဲ နှစ်ရွေး၊ အလျော့ တွက်ပါပြီး (တန်ဖိုး ၆၀၀,၀၀၀ ကျပ်၀န်းကျင်)၊ တတိယဆု – နီလာလက်စွပ် ၊နှစ်ပဲ နှစ်ရွေး၊ အလျော့တွက်ပါပြီး(တန်ဖိုး ၅၀၀, ၀၀၀ ကျပ်၀န်းကျင်)၊ စတုတ္ထဆု – ပုလဲဆွဲသီး၊နှစ်ပဲ ခြောက်ရွေး တစ်ခြမ်း၊ အလျော့တွက်ပါပြီး(တန်ဖိုး ၅၀၀,၀၀၀ ကျပ်၀န်းကျင်) စသည့် ပစ္စည်းလေးမျိုး ပါဝင်မည်ဖြစ်သည်။

အဆိုပါ Spring Revolution Flames အဖွဲ့သည် မြို့ပြ UG မဟာမိတ်အဖွဲ့များဖြစ်သော YGN PDF ၊ Burma Dragon Army ၊ Free Tiger Ranger အဖွဲ့တို့နှင့် ပူးပေါင်းကာ လှိုင်သာယာမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ လူမိုက်များ၊ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီး၊ သွေးသောက်အဖွဲ့၀င်များကို သုတ်သင်ရှင်းလင်းနေသည့် အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s