ရခိုင်ပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်ရှိ သံတောင်ဗျူဟာ စခန်း အပါ အဝင် စစ်တပ်စခန်းများကို ဆက်တိုက် သိမ်းပိုက် ပိတ်ဆို့ထားဟု AA ကြေညာ

ရခိုင်ပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ဆက်တိုက် သိမ်းပိုက် ပိတ်ဆို့ထားကြောင်း AA ကြေညာသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့ မြောက်ဘက် နှင့် သူဌေးကုန်းရွာ အနောက် မြောက်ဘက် စသည့်နေရာ (၃) နေရာတို့တွင် ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက် ကြီးပစ်ကူများအပါအဝင်မြေပြင်၊ဝေဟင် ပူးပေါင်း ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ရက္ခိုင့်တပ်တော်သည် ရက္ခိုင်၊ ပလက်ဝ ဒေသအတွင်းရှိ အကြမ်း ဖက်စစ်တပ်၏ အထိုင်ချတပ်စခန်းအချို့ နှင့်၎င်းတို့၏ လှုပ်ရှား စစ်ကြောင်းအချို့အား ဖြတ်တောက်ပိတ်ဆို့ ဝိုင်းထားသောကြောင့် မြန်မာစစ်တပ်အနေဖြင့်၎င်းတို့၏အထိုင်ချတပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများ၏ ရိက္ခာ၊ ထောက်ပို့၊ ဒဏ် ရာရလူနာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပွင့်နိုင်ရေးအတွက် အထူး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း AA က ထုတ်ပြန်သည်။

ထို့ကြောင့် AAက ပိတ်ဆို့ထားမှုများကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက် ကြီးပစ်ကူများဖြင့် နေ့တိုင်းနီးပါး မရ ရ အောင် အ သည်းအသန်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း၊ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ ဝင်များသည် အကြမ်းဖက်စစ်တပ်ကို ဆက်လက်ပိတ်ဆို့ထားဆဲ ဖြစ်ကြောင်း သိရှိရသည်။

ရက္ခိုင်-ဘင်္ဂလားနယ်စပ်ရှိ ရန်သူ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စခန်းအား တစ်လနီးပါးကြာ ဖြတ်တောက် ပိတ်ဆို့လျက် ၂၀၂၂ ခုနှစ်၊ သြဂုတ် (၃၁) ရက်နေ့၌ ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက် တင်ဘာလ (၁၀) ရက်နေ့တွင် ခမရ(၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ထပ် မံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင်အကြမ်းဖက်စစ်တပ်၏ သံတောင် ဗျူဟာ စခန်းကုန်းကိုလည်း ၃ လကျော်ကြာ ဖြတ်တောက်ထားနိုင်ခဲ့ကာ၊ ၎င်းသံတောင်ဗျူဟာစခန်းကို ရက္ခိုင့်တပ်တော်က ယခုအချိန်တွင် သိမ်းပိုက်ထား နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က နယ် စပ်ရှိစခန်းမြောက်မြားစွာကို စွန့် လွှတ်ထားရပြီးဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ စခန်းများကို ဖြတ်တောက် ပိတ်ဆို့ထားရာတွင် “အိန္ဒိယ-ဘင်္ဂလာ-မြန်မာ” သုံးနိုင်ငံနယ်စပ်အနီးရှိ”မြိတ်ဝစခန်း”လည်းပါဝင်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် ပလက်ဝမြို့နယ်၊ နှမဒါရွာ ၏ တောင်ဖက် (၂) ကီလိုမီတာခန့်အကွာရှိ AAတပ်ဖွဲ့ဝင်များရှိရာနေရာသို့ အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်မှာ ယခုဆိုလျှင် တစ်လနီးပါးခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲများမှာ ၎င်းပတ်ဝန်းကျင်၌ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေခဲ့ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်၊ နေ့လယ် (၁)နာရီ (၄၈) မိနစ်မှစ၍ နှမဒါရွာ၏တောင်ဖက် (၂) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ရန်သူသည် ဂျက်တိုက်လေယာဉ် (၃) စီး၊ စစ်ရဟတ်ယာဉ် (၂) ဖြင့် ညနေ (၃) နာရီခန့်အထိ တစ်လှည့်စီ လာရောက်ပစ် ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ဂျက်တိုက်လေယာဉ် (၃)စီးမှ ဗုံး၊ရော့ကတ်(၁၁)ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပြိုင်နက်တည်း တောက် လျှောက် မရပ်မနားဘဲ မိနစ် (၃၀) ခန့်ကြာ ဆက်တိုက် အကြိမ်အများဆုံး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စစ်ရဟတ်ယာဉ် (၂) စီးဖြင့် နာရီဝက်ကျော်ခန့် တစ်လှည့်စီ လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏မီးဝဗျူဟာနှင့် မြေ ပြင်မှ လက်နက်ကြီးပစ်ကူများမှာလည်း အဆိုပါ နေရာသို့ တောက် လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့ပြီး AA ကလည်း မီးဝဗျူဟာအားလက်နက်ကြီးများဖြင့် ပြန် လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s