ဟိုင်းကြီးကျွန်းတွင် အသက် ၆၀ ကျော်အမျိုးသားကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့ ၊ဇီးချိုင်ကျေးရွာနေ အသက် ၆၀ ကျော် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများနှင့် ရဲများက စက် တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံရသူ ဘာဘူ(ခေါ်)ဦးမှတ်အေးသည် ဇီးချိုင်ကျေးရွာအနီး အုန်းခင်းတစ်ခင်းတွင် နေထိုင်သည်ဟုသိရပြီး အရပ်ဝတ်ရဲများနှင့် ဟိုင်းကြီးရေတပ်မှ စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဦးဘာဘူက အေးအေးချမ်းချမ်းနေတဲ့လူဗျ။အဲ့တာကို စစ်တပ်နဲ့ရဲ အင်အား ၂၀ ကျော်လောက်နဲ့ လာဖမ်းသွားတာ၊စိတ်ထင်ရာတွေ အကုန်ဖမ်းနေတာလား မသိဘူး”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က အသက် ၂၀ ခန့်အရွယ်လူငယ် သုံးဦးကို ဖမ်းဆီးခဲ့ပြီး ၁၄ ရက်နေ့ ညပိုင်းတွင်လည်း အမျိုးသမီး သုံးဦးကို ထပ်မံဖမ်းဆီးခဲ့သေးသည်။

ထိုသို့ စစ်ကောင်စီက မတရားဖမ်းဆီးမှုများကို ပြုလုပ်နေသည့်အတွက် ဇီးချိုင်ကျေးရွာမှ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေ သခံက ပြောသည်။

လက်ရှိတွင် မတရားဖမ်းဆီးခံထားရသည့် ဒေသခံ ရခိုင်တိုင်းရင်းသား ခုနစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ဟိုင်းကြီးရဲစခန်းတွင် စစ် ဆေးမှုများပြုလုပ်နေသည်ဟုသိရပြီး မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးသည့်အတွက် စိုးရိမ်နေကြသည်ဟု ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များကပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s