FPNCC အဖွဲ့ဝင်များ ဝဒေသတွင်တွေ့ဆုံ

ပြည်ထောင်စု နိုင်ငံရေးတွေ့ဆုံ ညှိနှိုင်းရေးအဖွဲ့ (FPNCC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များသည် ယမန်နေ့ စက်တင်ဘာလ ၁၆ရက်နေ့က ဝဒေသတစ်နေရာတွင် တွေ့ဆုံခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ (MNADAA) ၏သတင်းပြန်ကြားရေးစာမျက်နှာဖြစ်သော The Kokang တွင်ဖော် ပြထားသည်။

အဆိုပါတွေ့ဆုံမှုတွင် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA)၊မိုင်း လားအထူးဒေသ (၄) ( NDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရက္ခိုင့်တပ်တော် (AA ) တို့ပါဝင်သည်။

ရှမ်းနိုင်ငံရေးသတင်းရင်းမြစ်တစ်ခုအရ NDAA, UWSA နှင့် SSPP တို့မှာ စစ်ကောင်စီခေါင်းဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရန် အကြိုညှိနှိုင်းမှုအဖြစ် အစည်းအဝေးပြုလုပ်ရန်ဆုံတွေ့ကြခြင်းဖြစ်ကြောင်း သိရသည် mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s