Monthly Archives: Sep 2022

သပိတ်ကျင်း၌ စစ်ကားတစီး ကြားဖြတ်တိုက် ခိုက်ခံရသဖြင့် တပ်အရာရှိအပါဝင် ၃ ဦး သေ ဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာနားမှာ စစ်ကောင်စီကား တစီးကို စက်တင်ဘာ ၁၈ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ တပ်အရာရှိ အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဗိုလ်လင်းယုန်တပ်ဖွဲ့က စက် တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ချောင်းကြီးကျေးရွာနားက မီးလင်းရွှေလုပ်ကွက်ကို လုံခြုံရေး လာယူတာဖြစ်ပြီး တိုက်ခိုက်မှု အတွင်း တန်းမြင့်လေ့ကျင့်ရေးတပ် (၁၃) မှ လှုပ် ရှားစစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းဦးအပါဝင် အရာခံဗိုလ်နဲ့ ယာဉ်မောင်းစစ်သားတို့ သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်း ဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်လင်းယုန်တပ်ဖွဲ့ တာဝန်ရှိသူတဦးက “ကုမ္ပဏီက  သူတို့ရဲ့ ရွှေလုပ်ကွက်က ပစ်စာတွေကို ဒေသခံတွေ လာမယူရဲအောင် ခြောက်လှန့်ပေးဖို့ စကစတပ်က ကောင်တွေကို ခေါ်ထားတာလို့ သိရတယ်။ လူမိုက်ငှားတဲ့ သဘောပေါ့။ အဲ့ဒါကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ကားပေါ် ပါလာတဲ့ ကောင်တွေ အားလုံးသေတယ်။ ကားလည်း ပျက်စီးသွားတယ်။ ကားပေါ်က လက်နက်တွေလည်း ရတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီအဖွဲ့ရဲ့ ကားပေါ်မှ MA-3 သေနတ် ၂ လက်၊  MA- 1​‌ သေနတ် ၁ လက်၊ 5.56 ကျည် ၄၁၃ တောင့်၊ 9 မမ ကျည် ၁၃ တောင့်၊ အီနာဂါဗုံးသီး ၈ လုံးနဲ့ 5.56 ကျည်ဘောက် ၂ ခု တို့ကို သိမ်းဆည်းရမိခဲ့ပြီး အဲဒီထဲက  MA-3 သေနတ် ၁ လက်နဲ့ MA-1 ၁ လက်က တော့ ကျည်ထိ မှန်ချို့ယွင်းသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်  ချောင်းကြီးကျေးရွာနဲ့ ပတ်ဝန်းကျင်နေရာတွေက ဒေသခံတွေကို  စစ်ကောင်စီတပ်က စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ DVB

ရေဦး-ခင်ဦး လမ်းပိုင်းတွင် စစ်တပ် အရာရှိများ လိုက်ပါသော ယာဥ်တန်း မိုင်းဆွဲ တိုက် ခိုက်ခံရပြီး အရာရှိများပါ ထိခိုက် သေဆုံးမှုရှိ၊ ရေဦးတွင်လည်း စစ်ကောင်စီ တပ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း ရေဦး-ခင်ဦး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ အရာရှိများ လိုက်ပါလာသော ယာဥ် ၄ စီးပါ ယာဥ်တန်း ၂ ကြိမ် မိုင်းဆွဲ တိုက် ခိုက်ခံရပြီး အရာရှိများပါ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ် ၄ စီးသည် ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ရေဦးမှ ခင်ဦးသို့ ထွက်ခွာလာစဥ် ဒေသခံ ကာ ကွယ်ရေး တပ်ဖွဲ့များက အင်းပတ်ကွေ့အနီးနှင့် ကံသစ်၊ ခင်ဦး အကြားတွင် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ် အရာရှိများပါ ထိခိုက်သေ ဆုံးပြီး ယာဥ် ၄ စီးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

” ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၃ နာရီအချိန်လောက်က ရေဦးကနေ ခိုးကြောင် ခိုးဝှက်ထွက်လာတဲ့ အကောင် ကြီးကြီး လိုက်ပါလာတဲ့ ကား ၄ စီးကို အင်းပတ်ကွေ့အနီးမှာ မိုင်း ၆ လုံးနဲ့ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်။ ကား ၁ စီးပျက်စီးပြီး ခွေးအများအ ပြား ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိတယ်။ ကျန်ကား ၃ စီးက ဆက်မောင်း​သွားပြီး ကံသစ်နဲ့ ခင်ဦး အကြားမှာ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေက မိုင်း ၁၂ လုံးနဲ့ ထပ်ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ် အကောင်းကြီးကြီးပါ ပြင်းထန်စွာ သေဆုံး ထိခိုက်မှုရှိတယ်လို့ သိရတယ်။ ကား ၄ စီးလုံးလည်း ပျက်စီးသွားပြီး ခင်ဦးထိ မရောက်လိုက်ဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် အရာရှိများ လိုက်ပါလာသော ယာဥ် ၄ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့ပေါ်တွင် ပြည် သူများအား အိမ်ပြင်မထွက်လျှင် ပစ်သတ်မည်ဟု လိုက်လံ ခြိမ်းခြောက်ပြောဆိုမှုများ ရှိကြောင်း သိရသည်။

အလားတူ ရေဦးမြို့ ကြာဖူးအဝိုင်းတွင် အုပ်စုဖွဲ့ ထိုင်နေသည့် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ခွေးများအား ဒေ သကာကွယ်ရေးအဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများရှိကြောင်း ဒေသခံများ ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက် နက်ကြီးများဖြင့် ၁၅ ချက်ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင့် ရွာသစ်ကျေးရွာမှ အပစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ khit thit

မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညအချိန် စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်သားများက ည ၁၁ နာရီအချိန်ခန့်တွင် လူနေရပ်ကွက်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြောက်ဦးမြို့ လောကမူရပ်ကွက် ၊ ပြင်စျေးရပ်လမ်းခွဆုံတွင် ကားလေးစီးရပ်ပြီး ညအချိန် လူနေရပ်ကွက်ကို လက်နက်ကြီးပစ်ခတ်ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

“ည ၁၁နာရီကျော်လောက်ရှိမှာ လက်နက်ကြီး ပစ်သံတစ်ကြိမ် ကြားရတယ်။ နောက်ပြီး ခဏနားပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ဆက်တိုက်ပစ်သွားတယ်။ စက်သေနတ်ပုံစံမျိုး ပစ်သွားတယ်။ အနီးအနားက လူတွေ ပြောတာက သူတို့စစ်ဆင်းရေးအတုတစ်ခု ဖန်းတီးတဲ့ပုံစံမျိုး လုပ်သွားတယ်လို့ ပြောတယ်။ ကားလေးစီးနဲ့ လာပစ်တယ်လို့ သိရတယ် ” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ယမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် လူအထိအခိုက်မရှိသော်လည်း လူနေအိမ်များကို လက်နက်ကြီးကျည်စများ ကျရောက်ခဲ့ပြီး ပြည်သူများကိုလည်း ဆဲဆိုသွားခဲ့ကြောင်း ဆိုသည်။

“ ည ၂ နာရီကျော်လောက်မှ ပစ်တာရပ်သွားတယ်။ တစ်ယောက်မှလည်း ထွက်မကြည့်ရဲဘူး၊ လက်နက်ကြီးက လူတွေကို ထိခိုက်သွားတာတော့မရှိဘူး၊ နေအိမ်အနီးနားတွေမှာ ကျတာတော့ရှိတယ်၊ သူတို့က နံနက် ၃နာရီကျော်လောက်အထိ အဲဒီနားမှာ နေသွားတယ်။ နောက်ပြီး ‘မင်းတို့ ကောင်တွေ သတိထားနေ၊ – – မသားတွေ၊’ ဆိုပြီး ဆဲသွားတယ်”ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် မြောက်ဦးမြို့တွင် ခမရ ( ၅၄၀) (၃၇၇) (၃၇၈) စသည့် တပ် သုံးတပ် ချထားပြီး နေ့အချိန်များတွင် အင်အား ၂၀၀ ဝန်းကျင်ခန့် ချထားကာ လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကဲ့သို့ အင်အားအလုံးအရင်းချပြီး ပြည်သူများအား စစ်ဆေးမှုများပြုလုပ်နေခြင်းမှာ လူထုကို ကြောက်လန့်မှုဖြစ်အောင် လုပ်ဆောင်နေသည်ဟု မြောက်ဦးမြို့ပေါ်နေ လူငယ်တစ်ဦးကပြောသည်။

“မြောက်ဦးမှာ သူတို့က ပုံမှန်အားဖြင့် နေ့ဖက်တွေမှာ အင်အား ၂၀၀ လောက်ကို ချထားတာတွေ့ရတယ်။ သူတို့မသင်္ကာတဲ့ ဆိုင်ကယ်တွေကို စစ်တယ်။ သူတို့ အစိုးရလူတွေဆိုရင် မစစ်ဘူး၊ အစိုးရဖက်က လူတွေကို ကတ်ပေးထားတယ်လို့ သိရတယ်။ ဆိုတော့ ဝန်ထမ်းတွေကိုကျ လွှတ်ပေးတယ်။ ပြည်သူတွေကိုကျ သူတို့စစ်ဆေးတယ်။ တချို့ ဆိုင်ကယ်တွေကိုဆိုရင် သူတို့သိမ်းထားလိုက်တာလည်းရှိတယ်။ ဒါကတွေက ပြည်သူတွေကို ကြောက်လန့်အောင်လုပ်နေတာဖြစ်တယ် ” ဟု ဆိုသည်။

မြောက်ဦးတွင် စက်တင်ဘာလ ၅ ရက်နေ့ကလည်း မြောက်ဦးမြို့မစျေးတွင် မိုင်းရှိသည်ဟုဆိုကာ စျေးဆိုင်ခန်းများကို ပိတ်ခိုင်းပြီး မိုင်းရှာခြင်းကို စစ်ကောင်စီတပ်သားများက လုပ်ဆောင်ခဲ့သေးသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်သားများအနေဖြင့် မြောက်ဦးတွင် အသွားအလာများကို စစ်ဆေးမှုများတင်းကျပ်စွာ လုပ်ဆောင်နေသည့်အတွက် မြောက်ဦးစျေးသို့ နယ်ဖက်ကဝယ်ယူသူ လုံးဝမရှိဘဲ မြို့ပေါ်နေလူများမှာလည်း အရေးပေါ် လိုအပ်ချက်မှလွဲပြီး စျေးဝယ်ယူခြင်းမရှိတော့ကြောင်း သိရသည်။mizzima

ကလေးနည်းပညာတက္ကသိုလ်၌ တပ်စွဲနေထားသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲတိုက် ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ နည်းပညာတက္ကသိုလ် (ကလေး) အဝင်ပေါက် တောင်ဘက်ဂိတ်နားမှာ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ တပ်သားတွေ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က PDF Kalay တပ်ရင်း ၂ နဲ့ မိုင်းအဖွဲ့က စစ်ကောင်စီတပ်သား ၄ ယောက် ကင်းအစောင့် လဲလှယ်ရန် သွားချိန် အသင့်တပ်ထားတဲ့ မိုင်း ၂ လုံးနဲ့ ဖောက်ခွဲခဲ့တာလို့ ကလေး PDF တပ်ရင်း ၂ က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်သားတွေက အနီးတဝိုက်ကို သေနတ်နဲ့ ခြောက်လှန့်ပစ် ခတ်ခဲ့ပြီး ခရီးသွားတွေကို စစ်ဆေးခဲ့တယ်လို့ ဒေ သ ခံတဦးက ပြောပါတယ်။

မိုင်းဖောက်ခွဲပြီးနောက် ရဲဘော်တွေကို ဘေးကင်းရာ ချက်ချင်းရွှေ့ရတာမို့ ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ပတ်သက်ပြီး အတည်မပြုနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

နည်းပညာတက္ကသိုလ်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ကလေးနယ်တောင်ပိုင်းက ကျေးရွာတွေကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိပါတယ်။ DVB

မတူပီမြို့အနီးရှိ စစ်ကောင်စီရှေ့တန်းစခန်းကို CDF ဝင်တိုက်၍ စစ်သား ၆ ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့အနီးရှိ အကြမ်းဖက်စစ်တပ်၏ ရှေ့တန်းစခန်းတစ်ခုကို စက်တင်ဘာလ ၁၉ ရက် ယမန်နေ့ ညနေတွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF – မတူပီ က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အဆိုပါ ရှေ့တန်းစခန်းသည် မတူပီမြို့နှင့် ၂ မိုင်ခန့်အကွာတွင် ရှိပြီး ယမန်နေ့ ညနေ ၅ နာရီတွင် CDF မတူပီက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် CDF ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

မတူပီမြို့ခံပြည်သူများ အဓိကအသုံးပြုနေသည့် မင်းတပ်-မတူပီ ကားလမ်း၊ မတူပီမြို့အဝင် ဆိုင်းဘုတ်အနီးတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲကာ ပိတ်ဆို့မှုများ ပြုလုပ်နေသည့်အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း CDF – မတူပီက ထုတ်ပြန်ထားသည်။ khit thit

ကေအိုင်အေက ဖမ်းဆီးသွားသည့် စကစအ ရာရှိ ၂ ဦးကို ပြန်မလွှတ်ပေးပါက ရွာကို မီးရှီု့ဖျက်ဆီးမည်ဟု စကစ ခြိမ်းခြောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံ – တန်ဖဲရွာအဝင်ရှိ စစ်တပ်စစ်ဆေးရေးတပ်စခန်းမှ အရာရှိနှစ်ဦးသည် မြောက်ပိုင်းတိုင်းစစ်ဌာ နချုပ်သို့ စစ်ရေးသတင်းများဆောင်ရွက်ရန် စက်တင်ဘာလ ၁၈ ရက်နေ့က ပြန်လာချိန်၌ ကေအိုင်အေတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ကေအိုင်အေတပ်ဖွဲ့ဝင်များဖမ်းဆီးသွားသည့် စစ်ကောင်စီအရာရှိ နှစ်ဦးကို ပြန်မလွတ်ပေးပါက ရွာကို မီးရှို့ဖျက်ဆီးပစ်မည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံကနေ သိရသည်။

ဖမ်းဆီးခြင်းခံလိုက်ရသည့် စစ်ကောင်စီအရာရှိ နှစ်ဦးသည် ဆိုင်ကယ်တစ်စီဖြင့် နောက်တန်းသို့ပြန်လာချိန် အလာမ်ကျေးရွာအရောက်၌ ဒေ သခံအမျိုးသမီးတစ်ဦးကို ဆိုင်ကယ်နှင့်တိုက်မိခဲ့သည့်အတွက် ကျေးရွာဒေသခံများနှင့် အချင်များရာမှ ကေအိုင်အေတိုက်နယ်ရုံးမှ တပ်ဖွဲ့ဝင်အချို့ ရောက်ရှိလာကာ အဆိုပါစစ်ကောင်စီအရာရှိ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက အခုလိုပြောသည်။

“သူတို့ က အရပ်ဝတ်နဲ့ ရွာကအဖြတ် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်နဲ့တိုက်မိပြီး ပြဿနာဖြစ်နေတုန်း ကေအိုင်အေအရာရှိတချို့က လာခေါ်သွားတာဟုတ်တယ်၊ ဘယ်ကိုခေါ်သွားလဲတော့မသိဘူး” ဟု ဆိုသည်။

ဆိုင်ကယ်တိုက်မှု​ဖြစ်ပွားခဲ့ချိန် အဆိုပါ စစ်ကောင်စီအရာရှိနှစ်ဦးကို ခရီးသွားပြည်သူများနှင့် ဒေသခံများက ဝိုင်းဖမ်းဆီးနိုင်ခဲ့ပြီး၊ စစ်ကောင်စီအရာရှိများဖြစ်ကြောင်း စစ်ဆေးသိရှိရသည့်အတွက် ကေအိုင်အေတိုက်နယ်ရုံးမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း စုံစမ်း သိရသည်။

ဖမ်းဆီးခံရသူ စစ်ကောင်စီအရာရှိနှစ်ဦးက မြစ်ကြီးနားမြို့အထိုင်တပ်ဖြစ်သော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၃၇)တပ်မှ ဗိုလ်ကြီး​အောင်မျိုးမင်းနှင့် ဗိုလ်ထွန်း​နောင်လင်းတို့ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း Mizzima အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ထိုသို့ စစ်ကောင်စီအရာရှိနှစ်ဦး အဖမ်းခံရပြီးနောက် ယမန်နေ့ ညနေကတည်းနေ စစ်ကောင်စီက အာလာမ်ကျေးရွာသို့ စစ်ကြောင်းများအ နေဖြင့် ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

ယမန်နေ့ညနေကတည်းနေ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များက အာလာမ်ကျေးရွာရှိ လီဆူတိုင်းရင်းသား ကလေးတစ်ယောက်ရဲ့အဖေ ဦးလာမယ်ဒီကို ယမန်နေ့ည ၁၁ နာရီလောက်က အကြောင်းမဲ့ပစ်သတ်ကာ၊ အလောင်းကို အိမ်အနီးတွင် မီးရှို့ဖျက်ဆီးဖျောက်ဖျက်ခဲ့ကြောင်း သတင်းရင်း မြစ်များက ဆိုကြသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၄ နာရီတွင် အာလာမ်ကျေးရွာအုပ်စုကို စစ်ကောင်စီ စစ်ကြောင်း တစ်ခုက ထပ်ရောက်လာကာ ဖမ်း ဆီးခံ အရာရှိနှစ်ဦးကို ပြန်လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက ရွာကို မီးရှို့ဖျက်ဆီးလိုက်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြားထားကြောင်း ဒေ သခံသတင်းရင်းမြစ်များက အခိုင်အမာဆိုကြသည်။

လက်ရှိအချိန်မှာတော့ ကျေးရွာအနီးတွင် စစ်ရေးတင်းမာလာသည့်အတွက် တိုက်ပွဲများ ညတွင်းချင်းဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိနေကြသည်။ mizzima

မောင်တော၌ စစ်ရေယာဉ် ၂ စီးကို အေအေသိမ်းပိုက်၊ ဗုံးခိုကျင်းများတူးရန် APA တိုက် တွန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက တောင်ပြိုဗျူဟာကို ရေကြောင်းကနေ စစ်လက်နက်အင်အား ဖြည့်တင်းလာတဲ့ စစ်ကောင်စီ ရေယာဥ် ၂ စီးကို စက်တင်ဘာ ၁၉ ရက် ညနေ ၆ နာရီကျော်မှာ  ရက္ခိုင့်တပ်တော် (အေအေ)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ပြိုဒေသခံတဦးက “တောင်ပြိုဗျူဟာကို မောင်တောဘက်ကနေ စစ်လက်နက်အင်အား လာပို့တဲ့ စက်လှေ ၂ စီးကို အေအေက ကြားဖြတ်တိုက်ခိုက်သိမ်းပိုက်လိုက်တာပါ။ မော်တော်ဘုတ် တစီးမှာ စစ်သား ၄ ယောက်ပဲပါတယ်။ ဘုတ်သမားတွေ ပါတယ်။ လက်နက်တွေ အပြည့်တင်လာတာ။ အရပ်ဘက် စက်လှေတွေကို အသုံးပြုတာပါ။ အဓိက လက်နက်အင်အားကို ရေလမ်းက ဖြည့်တင်းတာ”လို့ ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်က ကညင်ချောင်းစီပွားရေးဇုန်မှ ကစ္ဆပနဒီ(၁) နဲ့ ကစ္ဆပနဒီ(၃) သင်္ဘော ၂ စီးနဲ့ မောင်တောကို စစ်အင်အား ၆၀၀ ကျော် အင်အားဖြည့်တင်းလာသလို နတ်မြတ်ဝ နခေါင်းတို့ကနေ စစ်ဇက်သင်္ဘော ၂ စီးနဲ့ လူနဲ့ လက်နက်ရိက္ခာတွေ ဖြည့်တင်းနေပြီး  စစ်ကောင်စီရေတပ်ကလည်း လက်နက်တွေကို  စက်လှေတွေနဲ့  တောင်ပြိုလက်ဝဲစစ်ဗျူဟာအထိ လက်နက်အင်အား ဖြည့်တင်း နေတာဖြစ်ပါတယ်။

မောင်တောမြို့နယ်အတွင်း ရက္ခိုင်တပ်တော်(အေအေ)ဘက်က စစ်ရေးအသာစီး ရထားပြီး ရခိုင်ပြည်နယ် နေရာအနှံ့မှာလည်း အခုထက် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်‌တယ်လို့ ULA ပြောခွင့်ရသူ ဦးခိုင်သုခက စက်တင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ကျေးရွာ တချို့မှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ Arakan People’s Authority က လိုက်လံသတိပေးနေတယ်လို့ APA နဲ့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ဘက်တွေမှာ စစ်ကောင်စီတပ်တွေ နဲ့အေအေတို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေလို့ ကျန်တဲ့ ဒေသတွေမှာပါ အချိန် မရွေးတိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် ဗုံးခိုကျင်းတွေ ၇ ရက်အတွင်း အပြီးတူးထားကြဖို့ ကြိုတင်အသိပေးထားတာလို့ APA ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တဲ့နေရာရော မဖြစ်တဲ့နေရာတွေကိုပါ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်တာတွေပါ လုပ်နေလို့ ပြည်သူတွေ အန္တရာယ် မဖြစ်ရအောင် ကြိုတင်သတိ ပေးတာလို့ ဆိုပါတယ်။

ရသေ့တောင်မြို့နယ် ဒေသခံ တဦးက “ကျနော်တို့ ဒေသဘက်တွေကို လေယာဥ်တွေက တနေ့ကို လေးငါးခေါက်လောက်ဖြတ်ပျံတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ဒါပေမဲ့ အရင် နှစ်တွေက  ဖြစ်တဲ့ တိုက်ပွဲတွေမှာတော့ စစ်တပ်က ပစ်လို့ လက်နက်ကြီးတွေကျတာ ရှိတယ်” လို့  ပြောပါတယ်။

မိုးကာလဖြစ်လို့ ဗုံးခိုကျင်းတူးရတာ ခက်ခဲပေမဲ့  ရက္ခိုင့်တပ်တော်က သတိပေးထားတာဆိုတော့ မြေပေါ်မှာပဲ သဲအိတ်တွေစီပြီး ဗုံးခိုကျင်းတွေ လုပ်ကြရတာပေါ့လို့ ဒေသခံတဦးက ပြောပါတယ်။

“ဗုံးခိုကျင်း တူးထားတော့လည်း ကိုယ့်ဆီကို လက်နက်ကြီး တည့်တည့်လာရင် လွတ်နိုင်မှာ မဟုတ်ပေမဲ့ အကာကွယ်သဘောမျိုးလောက်ပဲ လုပ်ကြရတာပါ။ စစ်ဘေးရှောင်ပြန်တော့လည်း ဘယ်နေရာသွားသွား တိုက်ပွဲမရှိဘူးလို့ တွက်လို့ မရတော့ဘူး။ ကိုယ့်အိမ်မှာကိုနေပြီး အကာ အကွယ် ယူကြရမှာ။ စစ်ကြောင်း ထိုးလာရင်တော့ ဘေးလွတ်ရာကို ပြေးကြရမှာပေါ့။ အဓိက ကတော့ လေယာဥ်နဲ့ ဗုံးကြဲမှာရယ် လက် နက်ကြီးနဲ့ လှမ်းပစ်မှာကို အကြောက်ဆုံးပဲ။”

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ အေအေတို့ နေ့စဥ် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အများအပြားသေဆုံးလို့ လေ ကြောင်း တိုက်ခိုက်တာတွေ လုပ်ပေမဲ့ စစ်ကောင်စီတပ်စခန်း အများအပြားကို အေအေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်းတချို့လည်း ဖမ်းမိထားတယ်လို့ သိရပါတယ်။ DVB

အမေရိကန်တွင် မလေးရှားနိုင်ငံခြားရေးဝန် ကြီးက NUG ၊ NUCC နှင့် CRPH ကိုယ်စား လှယ်များနှင့်တွေ့ဆုံ

အမေရိကန်ပြည်ထောင်စုတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ CRPH မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကြောင်း သိရှီရသည်။

မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၀ ရက်နေ့ (အမေရိကန်စံတော်ချိန် စက် တင်ဘာလ ၁၉ ရက်နေ့) နယူးယောက်တွင် တွေ့ဆုံကြခြင်းဖြစ်ပြီး NUG ဘက်မှ ဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဝန်ကြီး ဦးအောင်မျိုးမင်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်အပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်သော နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးကောင်စီ ASEANMP က ဆောင်ရွက်ခဲ့သော မြန်မာ့အရေး နှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု (IPI) နှင့်ပတ်သက်၍လည်း အစည်းအဝေးကို ဦး ဆောင်ကျင်းပခဲ့ပြီး ASEANMP ဘက်မှ ကိုယ်စား လှယ်များ၊ NUG ၊ NUCC နှင့် CRPHဘက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ khit thit

အချက်အလက် မမှန်သည့် SIM Cardများကို အပြီးပိတ်သိမ်းပြီး လက်ကျန်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမည်ဟု စစ်ကောင်စီ ထုတ်ပြန်

အချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသည့် SIM Cardများကို အပြီးပိတ်သိမ်းမည်ဖြစ်ပြီး လက်ကျန်ငွေများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ယနေ့ စက်တင်ဘာ ၁၉ရက်နေ့တွင် ထုတ်ပြန်သည်။

SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့ကို စစ်ကောင်စီ၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Databaseအချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဟုလည်း ဆိုထားသည်။

ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Cardရောင်းချသူများအနေဖြင့်လည်း SIM Cardရောင်းချရာတွင်လည်းကောင်း၊ အချက်အလက်များ မှန်ကန်စွာ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရာတွင်လည်းကောင်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် SIM Cardများ ဝယ်ယူအသုံးပြုရာတွင် အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ပြီး မှတ်ပုံတင်ဝယ်ယူသုံးစွဲကြရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော SIM Cardများကို အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း မရှိပါက SIM Cardများ ပိတ်သိမ်းခံရမှု မရှိစေရေး အချိန်မီ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ရန် စစ်​ကောင်စီလက်​အောက်ခံ ဆက်သွယ်​ရေးညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းထားသည်။ mizzima

« Older Entries