ကေအိုင်အေက ဖမ်းဆီးသွားသည့် စကစအ ရာရှိ ၂ ဦးကို ပြန်မလွှတ်ပေးပါက ရွာကို မီးရှီု့ဖျက်ဆီးမည်ဟု စကစ ခြိမ်းခြောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံ – တန်ဖဲရွာအဝင်ရှိ စစ်တပ်စစ်ဆေးရေးတပ်စခန်းမှ အရာရှိနှစ်ဦးသည် မြောက်ပိုင်းတိုင်းစစ်ဌာ နချုပ်သို့ စစ်ရေးသတင်းများဆောင်ရွက်ရန် စက်တင်ဘာလ ၁၈ ရက်နေ့က ပြန်လာချိန်၌ ကေအိုင်အေတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ကေအိုင်အေတပ်ဖွဲ့ဝင်များဖမ်းဆီးသွားသည့် စစ်ကောင်စီအရာရှိ နှစ်ဦးကို ပြန်မလွတ်ပေးပါက ရွာကို မီးရှို့ဖျက်ဆီးပစ်မည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံကနေ သိရသည်။

ဖမ်းဆီးခြင်းခံလိုက်ရသည့် စစ်ကောင်စီအရာရှိ နှစ်ဦးသည် ဆိုင်ကယ်တစ်စီဖြင့် နောက်တန်းသို့ပြန်လာချိန် အလာမ်ကျေးရွာအရောက်၌ ဒေ သခံအမျိုးသမီးတစ်ဦးကို ဆိုင်ကယ်နှင့်တိုက်မိခဲ့သည့်အတွက် ကျေးရွာဒေသခံများနှင့် အချင်များရာမှ ကေအိုင်အေတိုက်နယ်ရုံးမှ တပ်ဖွဲ့ဝင်အချို့ ရောက်ရှိလာကာ အဆိုပါစစ်ကောင်စီအရာရှိ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက အခုလိုပြောသည်။

“သူတို့ က အရပ်ဝတ်နဲ့ ရွာကအဖြတ် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်နဲ့တိုက်မိပြီး ပြဿနာဖြစ်နေတုန်း ကေအိုင်အေအရာရှိတချို့က လာခေါ်သွားတာဟုတ်တယ်၊ ဘယ်ကိုခေါ်သွားလဲတော့မသိဘူး” ဟု ဆိုသည်။

ဆိုင်ကယ်တိုက်မှု​ဖြစ်ပွားခဲ့ချိန် အဆိုပါ စစ်ကောင်စီအရာရှိနှစ်ဦးကို ခရီးသွားပြည်သူများနှင့် ဒေသခံများက ဝိုင်းဖမ်းဆီးနိုင်ခဲ့ပြီး၊ စစ်ကောင်စီအရာရှိများဖြစ်ကြောင်း စစ်ဆေးသိရှိရသည့်အတွက် ကေအိုင်အေတိုက်နယ်ရုံးမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း စုံစမ်း သိရသည်။

ဖမ်းဆီးခံရသူ စစ်ကောင်စီအရာရှိနှစ်ဦးက မြစ်ကြီးနားမြို့အထိုင်တပ်ဖြစ်သော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၃၇)တပ်မှ ဗိုလ်ကြီး​အောင်မျိုးမင်းနှင့် ဗိုလ်ထွန်း​နောင်လင်းတို့ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း Mizzima အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ထိုသို့ စစ်ကောင်စီအရာရှိနှစ်ဦး အဖမ်းခံရပြီးနောက် ယမန်နေ့ ညနေကတည်းနေ စစ်ကောင်စီက အာလာမ်ကျေးရွာသို့ စစ်ကြောင်းများအ နေဖြင့် ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

ယမန်နေ့ညနေကတည်းနေ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များက အာလာမ်ကျေးရွာရှိ လီဆူတိုင်းရင်းသား ကလေးတစ်ယောက်ရဲ့အဖေ ဦးလာမယ်ဒီကို ယမန်နေ့ည ၁၁ နာရီလောက်က အကြောင်းမဲ့ပစ်သတ်ကာ၊ အလောင်းကို အိမ်အနီးတွင် မီးရှို့ဖျက်ဆီးဖျောက်ဖျက်ခဲ့ကြောင်း သတင်းရင်း မြစ်များက ဆိုကြသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၄ နာရီတွင် အာလာမ်ကျေးရွာအုပ်စုကို စစ်ကောင်စီ စစ်ကြောင်း တစ်ခုက ထပ်ရောက်လာကာ ဖမ်း ဆီးခံ အရာရှိနှစ်ဦးကို ပြန်လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက ရွာကို မီးရှို့ဖျက်ဆီးလိုက်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြားထားကြောင်း ဒေ သခံသတင်းရင်းမြစ်များက အခိုင်အမာဆိုကြသည်။

လက်ရှိအချိန်မှာတော့ ကျေးရွာအနီးတွင် စစ်ရေးတင်းမာလာသည့်အတွက် တိုက်ပွဲများ ညတွင်းချင်းဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိနေကြသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s