စစ်ကောင်စီက လူ ၁၀၀ ခန့်ကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ထားသည်ဟု မိုးဗြဲ PDF ထုတ်ပြန်

စစ်ကောင်စီက လူ ၁၀၀ ခန့်ကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ထားသည်ဟု မိုးဗြဲ PDF ကထုတ်ပြန်သည်။

စက်တင်ဘာ ၁၉ ရက် နံနက် ၁ နာရီခန့်မှစ ပြီး စစ်ကောင်စီက မိုးဗြဲမြို့သို့ တာဝေးပစ်လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ပြီး နံနက် ၂ နာရီခန့်တွင် စစ်‌ကြောင်းနှစ်ခု မိုးဗြဲ မြို့တွင်းသို့ ၀င်ရောက်လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ စစ်‌ကြောင်းအားမဟာမိတ်တပ်ပေါင်းစုများဖြစ်သည့် မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် 1107 တပ်ရင်း ဒီးမော့ဆို PDF၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF တို့က တိုက်ခိုက်ခဲ့သည်ဟု မိုးဗြဲ PDF က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီမှ စက်တော်ရာဘုန်းကြီးကျောင်းနှင့် မွေတော်ဘုန်းကြီးကျောင်းတို့တွင် အပြစ်မဲ့ပြည်သူ ၁၀၀ ခန့်အား ဓားစာခံလူသားဒိုင်းအဖြစ်အသုံးပြုလျှက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် မိုးဗြဲ မြို့တွင် စစ်ရေးတင်းမာနေသဖြင့် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသည့်နေရာတွင် နေထိုင်ကြရန်နှင့် မိုးဗြဲလမ်းကို အသုံးမပြုရန် မိုးဗြဲ PDF က ထုတ်ပြန်သည်။

ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိသော်လည်း အတည်မ ပြုနိုင်သေး‌ကြောင်း၊ ပူးပေါင်းအဖွဲ့မှ စိုးရိမ်ရဒဏ်ရာတစ်ဦး ရရှိပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော် နှစ်ဦးမှာ နွေဦးတော်လှန်ရေးအတွက် ကျဆုံးခဲ့‌ကြောင်း မိုးဗြဲ PDF ကထုတ်ပြန်သည်။

စစ်ကောင်စီမှာ ပြီးခဲ့သည့် ရက်ပိုင်းက မိုးဗြဲတွင် အထိအခိုက်အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s