ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်ပြည်သူများကို နေအိမ်များတွင် လက်မခံရန် စစ်ကောင်စီ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပအိုဝ့်ကိုယ်ပိုင်ချုပ်ခွင့်ရဒေသ ၊ဆီဆိုင်မြို့နယ်တွင် PDF နှင့် စစ်ဘေးရှောင်ပြည်သူများကို နေအိမ်များတွင် လက်ခံထားခြင်းမပြုရန် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပအိုဝ်းပြည်သူ့စစ်(PNO) တို့က လိုက်လံနှိုးဆော်နေကြောင်းသိရသည်။

စက်တင်ဘာလ ပထမပတ် ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်ရန် ဖိအားပေးပြီးသည့် နောက်ပိုင်းမှစ၍ ရပ်ကွက်ကျေးရွာအလိုက် စစ်ရှောင်ပြည်သူများကို လက်မခံရန် ပုံစံအမျိုးမျိုးဖြင့် လိုက်လံပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဆီဆိုင်ဒေသခံတစ်ဦးက ပြောသည်။

“အဓိကက အုပ်ချုပ်ရေးမှူးတွေက လိုက်ပြောတာ၊ ကျွန်မတို့ရပ်ကွက်ကိုတော့ ၁၀ ရက်နေ့က တစ်အိမ်တက်ဆင်းလိုက်ပြောတယ်။ သူတို့က စစ်ရှောင်တွေကို အိမ်မငှားဖို့ ၊ အိမ်မှာလက်မခံဖ်ို့၊ PDF တွေ့ရင် သတင်းပေးဖို့ပေါ့။ တချို့ရပ်ကွက်တွေ ၊ရွာတွေမှာကျတော့ ပအိုဝ်းလိုလိုက်အော်တယ်။ တစ်နေရာနဲ့ တစ်နေရာမတူဘူး ” ဟု ပြောသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ဦးရေ ၁,၀၀၀ ကျော်ခန့်ရှိပြီး အများစုမှာ ရှမ်း-ကရင်နီနယ်စပ် တွင် ဖြစ်ပွါးနေသည့် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုနှင့် စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာများအတွင်း စခန်းချနေထိုင်မှုကြောင့် နေရပ်ပြန်ရန် ခက်ခဲလျက်ရှိသည်။

စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ရှမ်းပြည်နယ်နေရာအနှံ့ရှိ စစ်ရှောင်ပြည်သူများအားလုံးကို စက်တင်ဘာလ ၂၅ ရက်နေ့နောက်ဆုံးထား၍ နေရပ်ပြန်ရန် လိုက်လံဖိအားပေးလျက်ရှိသည်။ ာငဖဖင‌ေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s