မိုးမိတ်မြို့တရားရုံးတွင် ဗုံးပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တရားရုံးမှာ စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တာကြောင့် တရားရုံးနားက ကားတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံမျက်မြင်  တဦးက ပြောပါတယ်။ 

မျက်မြင်တွေ့သူက “ဗုံးသံ နှစ်ချက် ထွက်တယ်။​ သေနတ်သံ လေးငါးချက် ထွက်တယ်။  လမ်းထွက်ကြည့်တော့ တရား ရုံးရှေ့မှာ မီးခိုးတွေ မည်းနေပြီ။ တရားရုံးရှေ့က ကားတွေ စုတ်ပြတ်သွားတယ်”လို့ ပြောပါတယ်။

လူလေးယောက်က တရားရုံးဝန်းအတွင်းကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တာကြောင့် တရားရုံးထဲက ခွေး တကောင် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

မိုးမိတ်မြို့မှာ စက်တင်ဘာ ၁၉ ရက်ညပိုင်းမှာလည်း ပေါ​က်ကွဲသံနဲ့ ပစ်ခတ်သံတချို့ ကြား ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s