ကရင်ပြည်နယ် KNU တပ်မဟာ ၅ နယ်မြေအတွင်း ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်သားနှင့် BGF တပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

ကရင်ပြည်နယ် မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်နှင့် တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များ ၃ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သားနှင့် BGF တပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့ကြောင်း KNU-မူတြော် သတင်းစဥ်ထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်တွင် ကော်သူးလေ တပ်မတော် တပ်မဟာ ၅၊ တပ်ရင်း ၁၀၂၊ တပ်ခွဲ ၄ လက်အောက်ခံ တပ်ဖွဲ့များက စစ်တပ် လက်အောက်ခံ BGF တပ်ဖွဲ့များကို ဝါးဒူးနှင့် သာ့ဂေါ်ပလေ အကြားတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး BGF တပ်ဖွဲ့မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မထောနှင့် ခွေးသေရွာ အကြားတွင်လည်း အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များကို တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များ ထပ်မံ ဝင်ရောက် တိုက်ခိုက် ခဲ့ပြီး စစ်တပ်ဘက်မှ ၁ ဦး သေဆုံးခဲ့​ကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များကို ဝါ့ကလေ့တူ ဒေသတွင် ၁ ကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ထူမောဒဲရွာအနီးတွင် ၁ ကြိမ် ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက် အတည်မပြု နိုင်သေးကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင်လည်း တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၀၂၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၄ တို့ ပူးပေါင်းကာ ဖာပွန်-ကမမောင်း ကားလမ်းပေါ်ရှိ မိုင်တိုင် ၄၀ တံတားကို ဝင်ရောက် ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် ကမမောင်းမြို့အနီးရှိ အုန်းတောလေဆိပ်ကို တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များက ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့ပြီး BGF တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကာ ညနေ ၄ နာရီခန့်တွင် အကြမ်း ဖက် စစ်တပ် တပ်စွဲထားသော ခေါပုပ်စခန်းကို တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များက ထပ်မံ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၁ မိနစ်တွင် ကော်သူးလေ တပ်မ တော် လက်အောက်ခံ တပ်ဖွဲ့ဝင်များမှ အကြမ်းဖက် စစ်တပ် သွာ့ခို့လော်နှင့် ထီးလယ်ပူရွာ အကြားတွင် ၁ ကြိမ်၊ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ထီးလယ်ပူငှက်ပျောတောတွင် ၁ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အရေ အတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s