ခင်ဦးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးသဖြင့် ရွာပေါင်း ၁၀ ရွာခန့်မှ ပြည်သူ ၁၀,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးသဖြင့် ရွာပေါင်း ၁၀ ရွာခန့်မှ ပြည်သူ ၁၀,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၁ ရက် ယနေ့နံနက်အစောပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ပြည်သူ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ပြည်သူများအားလုံးမှာ ရရာပစ္စည်းဆွဲ၍ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရှိရသည်။

“ဒီနေ့ မနက် ၁ နာရီခန့်က သပိတ်ကျင်းမြို့နယ်ဘက်ကနေ ခွေးတွေ (စစ်ကောင်စီတပ်) ဟာ မော်တော် ၅ စီးနဲ့ မလယ်မှာ နှစ်စီးကပ်တယ်။ သုံးစီးစုန်ဆင်းလာပြီး ၅ နာရီခွဲ ဝါးကျေဆိပ်ကမ်းကပ်တယ်၊ ၆ နာရီခွဲ သင်ပေါင်းကား ဆိပ်ကမ်း ကပ်တယ်။ ခင်ဦး အနောက်ခြမ်း ရွာခြောက်ရွာလောက်က ပြည်သူ ၇၅၀၀ လောက် ရွာလုံးကျွတ် ရှောင်နေရတယ်။ ခင်ဦးအနောက်ဘက် ရေဦးဘက်ကနေလည်း ဝင်လာတယ်၊ ရွာသစ်ကျေးရွာကို ဝင်မွှေနေတယ်၊ ပြည်သူ ၃ ဦး လောက် အဖမ်းခံထားရတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ သပိတ်ကျင်းအခြေစိုက် အမှတ် ၁၃ တန်းမြင့်လေးကျင့်ရေးကျောင်းမှ တပ်ဖွဲ့ဝင်များသည် ဧရာဝတီမြစ်ကို မော်တော်များဖြင့် ကူးကာ ခင်ဦးမြို့နယ်အတွင်းသို့ ယနေ့ နံနက် အစောပိုင်းတွင် စစ်ကြောင်းထိုးလာနေခြင်းဖြစ်သည်။

” အညာသီဟတော၊ ရွှေမင်းဂံ၊ သင်ပေါင်း၊ ကဘွက်၊ ကုတ္တက်၊ ရုံးပင် ရွာကလူတွေ ဒီမနက် မလင်းခင်ကတည်းက ရွာလုံးကျွတ် ပြေးရတယ်။ သွေးနု သားနု ကလေးမိခင်တွေရော သက်ကြီးဘိုးဘွားတွေရော ဒုက္ခရောက်နေပါတယ်”ဟု ဒေသသတင်းရင်းမြစ်က ဆက်ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ရေဦး-ခင်ဦး လမ်းပိုင်းမှလည်း စစ်ကြောင်းထိုးနေပြီး လက်ရှိတွင် ရွာသစ်ကျေးရွာကို ဝင်ရောက်မွှေနှောက်နေကာ ရွာသားတချို့ကို ဖမ်းဆီးထားကြောင်း၊ ခင်ဦးမြို့နယ် အရှေ့ခြမ်းရှိ ရွာသစ်၊ မူးသာ၊ သက်ပေး ကျေးရွာများမှ ပြည်သူ ၃,၅၀၀ ဝန်းကျင်သည်လည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s