ခင်ဦး၊ မြင်းဒေါင်းရွာကို စစ်တပ်က မီးရှို့ဖျက် ဆီးပြီး ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး၊ ထီးလင်း အညာတောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦး ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် မြင်းဒေါင်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးနယ် ဒေသခံ ကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်တွင် ရေဦးမြို့မှ ခင်ဦးမြို့သို့ စစ်ကြောင်းထိုးကာ ကင်းပုန်းချခြင်းပြီး ရေဦး-မြင်းဒေါင်း-ခင်ဦး လမ်းတစ်လျှောက် ရမ်းကား ဝင်ရောက်လာကာ စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် မြင်းဒေါင်းကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တပ် စစ်ကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြင်းဒေါင်း ကျေးရွာမှ ပြည်သူ ၃ ဦးနှင့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် လမ်းသွားလမ်းလာ ပြည်သူ ၂ ဦးကိုပါ ဖမ်းဆီးသွားပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားကြောင်း သိရသည်။

မြင်းဒေါင်းရွာ အတွင်း၌လည်း အကြမ်းဖက် စစ်တပ်က ၁ ရက်ညအိပ်ခဲ့ပြီး နေ အိမ်များ အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်သွားကြောင်း ကြက်၊ ဝက်များကိုလည်း ပစ်သတ် ယူဆောင်သွားကြောင်း ယနေ့ ညနေပိုင်းတွင် မြင်းဒေါင်းကျေးရွာရှိ ကုန်မာဆိုင် ၁ ဆိုင်ကိုလည်း မီးရှို့သွားကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစု (KURDAF) ထံမှ သိရသည်။

အလားတူ မကွေးတိုင်း ထီးလင်းမြို့နယ် အညာတောရွာကို အကြမ်းဖက် စစ် တပ်က စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည် သူပိုင် နေအိမ် ၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် နွယ်ပျဉ်းရွာနှင့် ကြူသာရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ကြူသာရွာ သား ကိုကြည်ဝင်းကို ဖမ်းဆီးထား​ကာ ယင်း စစ်တပ် စစ်ကြောင်းသည် ကြူသာရွာနှင့် နွယ်ပျဉ်းရွာတို့တွင် ညအိမ်စခန်းချနိုင်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s