ခင်ဦး၊ ရေစကြို၊ ထားဝယ်နှင့် တမူးတို့တွင် တိုက်ပွဲများဖြစ်ပြီး ၁၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦး၊ တမူး၊ မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် တနင်္သာရီတိုင်း၊ ထားဝယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၁၆ ဦးသေဆုံးကြောင်း ဒေသကာ ကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ခင်ဦးတွင် စစ်သား ၁၅ ဦးသေဆုံး

===================

စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်‌၄နာရီခန့်တွင် ရေဦးမြို့မှလာသော သံချပ်ကာ ကား၃စီးကို ခင်ဦးမြို့အနောက်ဘက် တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရပြီး ‌စစ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများပြားကြောင်း၊ သံချပ်ကာ ကား ၁ စီးမှာ ထိခိုက်ပျက်စီးသွားကြောင်း၊ ခင်ဦးမြို့သို့ နောက်သံချပ်ကာ ကားဖြင့်ဆွဲသွားကြောင်း၊ ယနေ့ ညနေပိုင်းတွင် ခင်ဦးဘက်မှ‌ ရွှေဘိုဘက်သို့ ထောက် ပို့ကား၃စီးကို အပြန်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေ ဆုံးပြီး ၇ ဦး အပြင်းအထန်ဒဏ်ရာရှရိကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ရေစကြိုတွင် စစ်သား ၁ ဦး သေဆုံး

====================

စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂နာရီ ၄၅ မိနစ်အချိန် ရေစကြိုမြို့နယ်၊ အရှေ့ဘုန်းကန်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာနေရာကို Urban Underground Revolution Force(UURF-YSO) အဖွဲ့ဦးဆောင်၍ မဟာမိတ် Yesagyo Revolution Group(YRG)၊ King Cobra၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့၊ Royal Defense Force(PKU)၊ Shwe Nyar Myae PDF၊sounthern YSO PDF၊ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်) Royal Pakokku UG မဟာမိတ်ပူးပေါင်းအဖွဲ့တို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအချိန် ၁ နာရီ ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ ၁ ဦးသေဆုံးကြောင်း၊ ၅ ဦး ဒဏ်ရာရရှိကြောင်း မဟာမိတ်တပ်ပေါင်းစုများက စုပေါင်း၍ သတင်းထုတ်ပြန်သည်။

ထားဝယ်တွင် စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးခန့်ဒဏ်ရာရ

=========================================

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နှင့် ၅ မိုင်အကွာ မောင်မရှောင်ကျေးရွာနှင့် ‌ဇဟာကျေးရွာကြား ရေး-ထားဝယ် ကားလမ်းကြီးပေါ်တွင် စစ်ကောင် စီတပ်ဖွဲ့ဝင်များ အင်းအားပြည့် စီးနင်းလိုက်ပါလာသော Town Ace ကား ၂ စီးကို ပြည်သူ့ကာ ကွယ်ရေးပူပေါင်းတပ်ဖွဲ့များက စက် တင်ဘာလ ၁၈ ရက်နေ့ နံနက် ၃ နာရီ ၂၀ မိနစ်အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကား ၂ စီးအနက်မှ ပထမကားတစ်စီးလုံးနီးပါး ထိမှန်ခဲ့ကာ ၎င်းနေရာတွင် ရှေ့ဆက်မရဘဲ ထိုးရပ်သွားကြောင်း၊ ၎င်း ကား၌လိုက်ပါလာသော စစ်ကောင်စီ တပ်သား ၁၅ ဦးခန့် အပြင်းထန်ဒဏ်ရာရှိကာ သေဆုံးမှုများကိုမူ အတည်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကို ထား၀ယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ဖြစ်သည့် Dawei Guerrilla Revolutionary Force- DGRF ထားဝယ် (ပ.က.ဖ) နှင့် မဟာမိတ်တပ်များက ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တမူးတွင် တိုက်ပွဲဖြစ်

============

စစ်ကိုင်းတိုင်း၊ တမူးမြို့ ၏ မြို့ပြင်တစ်နေရာတွင် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင်မှ စတင်၍ ပြည်သူ့ ကာကွယ်ရေး မဟာ မိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်တပ် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဖက် အထိ အခိုက် အကျအဆုံးများပြားကြောင်း တမူးဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s