တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မင်းတပ်တိုက်နယ် အတွင်းသို့ စစ်ကောင်စီတပ် လေယာဉ် ဖြင့်ဗုံးကြဲ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ် ၁၁ ဘက်အခြမ်းသို့ ယနေ့ စက်တင်ဘာ ၂၀ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့သည်။

စစ်ကောင်စီမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာသည် မင်းတပ်-မတူပီ ၁၆ မိုင် ဝန်းကျင်ရှိ ရွာဘက်အခြမ်းတွင်ဖြစ်ကြောင်း နီးစပ်သူ များထံက သိရသည်။

ယနေ့ ညနေ ၄ နာရီဝန်းကျင်တွင် မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၁ အတွင်းရှိ ကျေးရွာ တစ်ရွာသို့ စကစမှ တိုက်လေယာဉ်ဖြင့် လာရောက် ဗုံး ကြဲခဲ့သည်။ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရရှိသေးဘဲ ဆက်လက်စုံစမ်း လျက်ရှိသည်ဟု မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့ကလည်း မင်းတပ်မြို့နယ်ရှိ ချပ်ရွာသို့ စစ်ကောင်စီ၏ တိုက် လေယာဉ်နှစ်စီးဖြင့်လာရောက် ဗုံးကြဲခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဘုရားကျောင်းနှင့် စာသင်ကျောင်းတို့ ပျက်စီးခဲ့ရသည်။ ထို့ပြင် အဆိုပါ တိုက်ခိုက်မှု ကြောင့် CDFရဲဘော် သုံး ဦးကျဆုံးခဲ့ပြီး ကလေးသူငယ်နှင့် သက်ကြီးမသန်စွမ်းများ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s