လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အာ ဏာသိမ်းမြန်မာစစ်တပ် အရာရှိများကို ခေါ်ယူသင်တန်းပေးမှုများ တရားဝင်ရပ်ဆိုင်းဟု ဂျ ပန်ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ

ဂျပန်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အာဏာသိမ်းမြန်မာစစ်တပ်မှ အရာ ရှိများကို သင်တန်းခေါ်ယူ ပေးမှုများအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ယနေ့ တရားဝင် ကြေညာသည်။

၂၀၂၃ ခုနှစ်မှစ၍ မြန်မာစစ်တပ်မှ အရာရှိများကို ဂျပန်နိုင်ငံသို့ ခေါ်ယူ သင် တန်းပေးမှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ၊ မင်းအောင်လှိုင်ဦးဆောင်သော မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများအပြင် ဒီမိုကရေစီရေးလှုပ်ရှားသူလေးဦးကို ကွပ် မျက်ခဲ့ကြောင်း ၊ မြန် မာနိုင်ငံအခြေအနေများနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ရသော အခြေအနေရှိနေသဖြင့် မြန်မာစစ်အရာရှိများကို သင်တန်ပေးမှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Kenji Aoki က “မြန်မာစစ်တပ်နဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖလှယ်မှုတွေ ဆက်လုပ်ဖို့ မသင့်တော်တော့ဘူးလို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောဆိုသည်။

လက်ရှိ မြန်မာစစ်အရာရှိ ၁၁ ဦးကို ခေါ်ယူသင်တန်းပေးလျက်ရှိပြီး ၎င်းတို့ကို သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်ဟု သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s