အင်းတော် ၂ ရက်တာ တိုက်ပွဲတွင် စစ်သား ၈ ဦးသေဆုံးပြီး စစ်သား အလောင်းများကို စောင်များနှင့်ပတ်ပြီး ဖြစ်သလို မြုပ်ခဲ့၊ PDF ၁ ဦးလည်း ကျဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ၊ ABSDF တပ်များအကြား ၂ ရက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံးကြောင်း Indaw Revolution IR က သတင်းထုတ်ပြန် သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကသာခရိုင်၊အင်းတော်မြို့နယ် နန်းမကျိုင်းရွာ ချောင်း ဖျားတွင် အင်အား ၇၀ ကျော်ခန့်ပါသော စစ်ကောင်စီတပ်များနှင့် KIA၊PDF ၊ ကျောင်းသားတပ်များ ၁၈ရက်နေ့နေ့လယ်ပိုင်းနှင့် ၁၉ရက်နေ့ မနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အနည်း ဆုံး ၈ ဦးခန့် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF ရဲ ဘော် တစ်ဦး ကျဆုံးကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်မှ သေဆုံးသွားသော အလောင်းများကို ဖြစ်သလို အဝတ်၊ စောင်များဖြင့် ပတ်ကာ မြေကြီးဖြင့် ဖုံးအုပ် ဖြစ်သလို သဂြိုလ်ခဲ့ကြကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s