အရှေ့ဒဂုံမြို့နယ် ထွေအုပ်ရုံးအနီး လှည့်ကင်းပတ်နေသည့် စစ်ကား၂စီး ဗုံးပစ်တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်ရှိ ၁၃၃ မြို့နယ်ထွေအုပ်ရုံးအနီး လှည့်ကင်းပတ်နေသည့် စစ်ကောင်စီကားနှစ်စီး ဗုံးပစ်တိုက်ခိုက်ခံရပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Yangon Federal Army – YFA အဖွဲ့ တာဝန်ရှိသူထံမှသိရသည်။

ယနေ့ စက်တင်ဘာလ ၂၀ရက် မနက် ၉နာရီ ၄၅ မိနစ်အချိန်တွင် မြို့နယ်ထွေအုပ်ရုံးအနီး DCကားနှစ်စီး အင်အား ၁၀ ဦးခန့်ဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းဆွဲကာ ဗုံးနှစ်လုံးပစ်ခတ်ပြီး YFAနှင့် URNW တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

” ပဒေသာမိုင်းထောင်ပြီး ဗုံးနှစ်လုံးပစ်ထည့်တာ အရှေ့တစ်စီးက အပျက်အစီးပိုများတယ်၊ နောက်တစ်စီးက သိပ်မထိဘူး၊ ပြည်သူတွေတော့ ထိခိုက်တာမရှိဘူး၊ အဲ့နေရာက နည်းနည်းခေါင်တော့ အရမ်းလည်း အသွားအလာ မများဘူး” ဟု YFAအဖွဲ့ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

အဆိုပါတိုက်ခိုက်ခဲ့သော စစ်ဆင်ရေးသည် ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ နန်းထိုက်အောင်စစ်ဆင်ရေး အစိတ်တစ်ပိုင်းဖြစ်ပြီး မဟာမိတ်ညီနောင်ရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွါလာနိုင်ခဲ့သည်ဟု သိရသည်။

ရန်ကုန်အခြေစိုက် မြို့ပြပျောက်ကြားအဖွဲ့ဖြစ်သော YFA အနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်နေ ပြည်သူများထံ အသိပေးထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s