KBZ Pay အသုံးပြုသူများ​၏ အကောင့်အချို့ လတ်တလောအသုံးပြု၍ မရဖြစ်နေ

KBZ ဘဏ်​၏ KBZ Pay အသုံးပြုသူများ​၏ အကောင့်များ လတ်တလောအသုံးပြု၍မရဖြစ်နေပြီး၊ ပိတ်ခံထားရကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၂၀ရက်နေ့ မနက်ပိုင်းမှစတင်၍ အဆိုပါ KBZ Pay အကောင့်များအား အသုံးပြုရာတွင် အသုံးပြု၍မရခြင်းနှင့် အချို့သောအကောင့်များတွင် ပိတ်ခံထားရကြောင်း သိရသည်။

” မနက်ကတည်းက ငွေလွှဲမယ်ဆိုပြီးကြည့်လိုက်တော့ လတ်တလောအသုံးပြု၍မရပါ ဆိုတာမျိုးပေါ်နေတယ်။ လက်ရှိက ပစ္စည်းဖိုးငွေသွင်းရမှာ၊ ငွေလွှဲရမှာတွေရှိနေတော့ အခက်တွေ့နေတယ်” ဟု အွန်လိုင်းရှောပင်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယင်းကဲ့သို့ KBZ pay အကောင့်ပိတ်ခံရပြီး အသုံးပြု၍မရခြင်း ဖြစ်ပေါ်နေသော်လည်း အဆိုပါ KBZ Pay အကောင့်များမှာ Level 2 အဆင့်အထိ မြင့်တင်ထားပြီး၊ Sim Card အမည်ပေါက်၊ မှတ်ပုံတင်အမည်ပေါက်များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“သုံးမရဘဲ အကောင့်သာပိတ်ခံရတာ Level 2လည်း မြင့်ပြီးသား၊ မှတ်ပုံတင်နာမည်နဲ့ SIM Card နာမည်လည်း တစ်ခါတည်းဖွင့်ထားတဲ့နံပါတ်ပါ။ သုံးမရတော့ KBZ Pay Call Center ကို ဖုန်းဆက်တော့လည်း ဘာမှရေရေရာရာ ဖြေကြားပေးတယ်ဆိုတာမရှိဘူး” ဟု ၎င်းကပြောသည်။

မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် အချက်အလက်မှန်ကန်စွာ ဖြည့်သွင်းမထားပါက ပိတ်သိမ်းသွားမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မိုဘိုင်းငွေကြေးစာရင်းတွင် ဖြည့်သွင်းထားသည့် ကိုယ်ရေးအချက်အလက်နှင့် ဖုန်းနံပါတ်များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ကိုယ်ရေးအချက်အလက်များကို Level 2 အဆင့်မြှင့်ကြရန်နှင့် အချက်အလက်ပြည့်စုံစွာ မဖြည့်သွင်းသည့် အကောင့်များကို အ ပြီးတိုင် ပိတ်သိမ်းသွားမည်ဟု ဗဟိုဘဏ်က ဆိုထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s