မင်းကင်းတွင် ယနေ့ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ယနေ့ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦး သေဆုံးကြောင်း‌ ဒေသကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် မင်ကင်းမြို့နယ်၊တောင်ယာတောရွာရှိ စစ်ကောင်စီလုံခြုံရေးဂိတ်ကို ဒေသကာ ကွယ်ရေးတပ်များ ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၅ ဦးဆေးရုံပို့ဆောင်ရကြောင်း၊ PDF များက ချင်းတွင်းမြစ်အတွင်းကနေ မော်တော်ရေယာဉ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အစက မော်တော်က ချင်းတွင်းမြစ် အထက်ကနေ စုန်ဆင်းလာပြီး အခုလိုပစ်ခတ်သွားတာ။ ရုန်းရင်းဆန်ခတ်အနေထားပဲ။ စစ်ကောင်စီဘက်ကတော့ သေဆုံးတာများတယ်။ လာပစ်တဲ့သူတွေကတော့ ပစ်ပြီးချင်းတွင်းမြစ်အထက်ပိုင်းကို အောင်ပွဲခံသီချင်းတွေဆိုပြီး ပြန်ဆန်တက်မောင်းသွားကြတယ်” ဟု ဒေသခံရွာသားတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က ဒဏ်ရာရရှိသော စစ်သားများနှင့်သေဆုံးသူများကို ဆိုင်ကယ်ဘေးတွဲ ၂ စီးဖြင့် မင်းကင်းဆေးရုံသို့ အရေးပေါ် ခေါ်ဆောင် သွားကြောင်း ၊ စစ်ကောင်စီတပ်က ပစ်ခတ်သွားသော မော်တော်နောက် လိုက်လံ ပစ်ခတ်သော်လည်း ဒေသကာကွယ်ရေးတပ်များ ထိခိုက် ခြင်းမရှိကြောင်း ချင်းတွင်းနဂါး ၊ မင်းကင်းမြို့က သတင်းထုတ်ပြန်ထားသည်။

အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ မင်းကင်းမြို့နယ် လာပို့ကျေးရွာဘက်မှထွက်လာသော စစ်ကောင်စီတပ်ကို မင်းကင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၆ ဦး မျက်မြင်သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသ တင်းစဉ်က သတင်းဖော်ပြသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s