မဘသနှင့် အမျိုးသားရေး အစွန်းရောက်များ ၏ ခေါင်းကိုင်ဖခင်ကြီး ခင်ရီ ကြံ့ဖွတ်‌ ခေတ္တဥက္ကဋ္ဌ ဖြစ်လာ၊ မင်းအောင်လှိုင်စီမံမှု ကြံ့ဖွတ်ပါတီက လက်ခံလိုက်ဟုဆို

မဘသနှင့် အမျိုးသားရေး အစွန်းရောက်များကို နောက်ကွယ်မှ ကြိုးကိုင် ခြယ် လှယ် သူ ခင်ရီသည် ကြံ့ဖွတ်ပါတီခေတ္တ ဥက္ကဋ္ဌ ဖြစ်လာပြီး လက်ရှိ ကြံ့ဖွတ်ဥက္ကဋ္ဌ သန်းဌေးမှာ ကျန်းမာရေး အကြောင်းပြ၍ အနားယူသွားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ နေပြည်တော်တွင် အဖွဲ့ဝင် ၄၀ ကျော်ပါဝင်သော ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှု ဆောင် ကော် မတီအစည်းအဝေး ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် သန်းဌေးက ၎င်းအနေဖြင့် ပါတီမှ ရက်ပေါင်း ၂၀ ကျော်ကင်းကွာပြီး ပြင်းထန်သော ခွဲစိတ်ကုသမှု ခံယူထားကြောင်း၊ ထို့ကြောင် ပါတီဥက္ကဋ္ဌ တာဝန်များကို ဒုတိယဥက္ကဋ္ဌ ခင်ရီကို လွှဲပြောင်းပေးအပ်ကြောင်း တရားဝင် အသိပေး တင်ပြခဲ့ကြောင်း သိရှိရသည်။

“တကယ်တော့ ဦးသန်းဌေး အနားမယ်ဆိုရင် ဒုတိယဥက္ကဋ္ဌ ၁ ဖြစ်တဲ့ ဦးမြတ်ဟိန်းက တာဝန်ယူရမှာဖြစ်ပါတယ်။ အခု ဒုတိယဥက္ကဋ္ဌ ၂ ဖြစ်တဲ့ ဦးခင်ရီကို ဥက္ကဋ္ဌပေးလိုက်တာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့အတိုင်း ပါတီက လုပ်ပေးလိုက်ရတဲ့သဘောရှိပါတယ်။ ဒါကြောင့်လည်း ဦးခင်ရီကို ဝန်ကြီးရာထူးက အနားပေး‌ပြီး မကြာခင် ပါတီဥက္ကဋ္ဌ ရာထူး ယူလိမ့်မယ်လို့ ဆိုတဲ့ ခန့်မှန်းချက်တွေ အကုန်မှန်တယ်ပေါ့ ။ အခုကတော့ တင်းမာမှုမရှိဘဲ ပါတီမှာ အာဏာသိမ်းတာပါပဲ။ ဦးခင်ရီ ဥက္ကဋ္ဌဖြစ်လာတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ရဲ့ အကြံ အစည်ကို ပါတီ ဗဟိုအလုပ်အမှုဆောင်တွေရော ဦးသန်းဌေးကပါ လက်ခံလိုက်တာပါ”ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

များမကြာမီ ကြံ့ဖွတ်ပါတီ၏ ညီလာခံ ခေါ်ယူမည်ဖြစ်ပြီး စစ်ကောင်စီက ကျင်း ပ ပေးမည့် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊ ပါတီညီလာခံတွင် လက်ရှိ ခေတ္တ ဥက္ကဋ္ဌ ခင်ရီကို ပါတီဥက္ကဋ္ဌ အဖြစ် အတည်ပြုပြီး မင်းအောင်လှိုင်အ ပါအဝင် ဗိုလ်ချုပ်များ ပါတီဘက်သို့ ကူးပြောင်းလာဖွယ်ရှိနေကြောင်း သိရှိရသည်။

ဩဂုတ်လတွင် မင်းအောင်လှိုင်က ကြံ့ဖွတ်ပါတီ ဒုတိယဥက္ကဋ္ဌ ခင်ရီကို လူဝင် မှုကြီးကြပ်ရေး ဝန်ကြီး ရာထူးမှ ရုတ်တ ရက် အနားပေးလိုက်ချိန်ကတည်းက ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် ခင်ရီ ရယူလိမ့်မည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံး သပ် ခဲ့ရာမှ ယခုနောက်ဆုံး ခင်ရီ အမှန်တ ကယ်ပင် ဥက္ကဋ္ဌဖြစ်လာခြင်းဖြစ် သည်။

လက်ရှိ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီသည် မဘသ အမျိုးသားရေး အစွန်းရောက်လှုပ်ရှားမှုများ၊ စစ်တပ်ထောက်ခံပွဲများကို ငွေကြေးထောက်ပံ့ပြီး တရားလွှတ် တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုတွင်လည်း နောက်ကွယ်မှ ငွေကြေးပံ့ပိုးခြင်းဖြင့် ပါဝင်ပတ်သက်နေကြောင်း မဘသသတင်းရပ်ကွက်များထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s