မြန်မာနိုင်ငံတစ်ဝန်းတွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံး

ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ် ဝန်း တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် ERO များ၏ ထုတ်ပြန် ချက်များအရ သိရှိရသည်။

ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေ

==============================

ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ တောင်နီကျေးရွာ အနီး တောင်ကုန်းတစ်ခုသို့ ကျူးကျော်အခြေပြုရန် ကြိုးစား‌သည့် အကြမ်းဖက်စစ်ကောင်စီ တပ်များကို စက်တင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် KNLA တပ် ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ (၂) ပူး ပေါင်း တပ်ဖွဲ့များက လက်‌ဖြောင့်စနိုက်ပါ စစ်သည်များဖြင့် ပစ်ခတ်ရာ အ ကြမ်း ဖက်စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း ကော်ဘရာစစ် ကြောင်း က သတင်းထုတ်ပြန်သည်။

ခင်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး

==========================

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင်လည်း မြင်းဒေါင်းစာသင်ကျောင်းထဲတွင် ကင်း ပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များ ယနေ့ စက်တင်ဘာ ၂၁ ရက် နေ နေ့လယ် ၂ နာရီခန့် အချိန်တွင် ဒရုန်းဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခံ ရပြီး စစ်ကောင်စီဝင် ၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ခင်းပိုင်းအစောပိုင်းတွင် ရေဦးမှ ထွက် လာသည့် စစ်ကောင်စီတပ်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၆ ဦး နေရာတွင် သေဆုံးကာ တစ်ဦးမှာ ရေဦး ဆေးရုံတွင် ထပ်မံ သေဆုံးသွားကြောင်း Spring Special Task Force – MRDA ခွဲ – K.U က သတင်းထုတ် ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို Myanmar Royal Dragon Army မြန်မာ့တော်ဝင်နဂါးတပ်တော်၏ တပ်ခွဲတစ်ခုဖြစ်သည့် Spring Special Task Force – MRDA ခွဲ – K.U မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလေးမြို့နယ်တွင် စစ်သား ၃ ဦးသေဆုံး

=======================

စစ်ကိုင်းတိုင်း ကလေးမြို တောင်ဖီလာလမ်းမကြီးနှင့် ကျန်စစ်သားလမ်း (ဝန် ထမ်း အိမ်ရာလမ်း) လမ်းဆုံအနီးသို့ စက်တင်ဘာ ၂၁ ရက်‌နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့် စစ်ကား ၃ စီး၊ အင်အား ၂၀ ခန့်ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲများ ရောက်ရှိလာပြီး မိုင်းရှာဖွေရှင်းလင်းရန် လုပ်ဆောင်နေစဉ် PDF (Kalay) က အသင့်စောင့်ဆိုင်း၍ မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီဝင် သုံးဦး နေရာတွင် ထိမှန်လဲကျသွားကြောင်း PDF- ကလေးက သတင်းထုတ်ပြန် သည်။

တိုက်ခိုက်ခံရမှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် အနီးပတ် ဝန်းကျင်သို့ ရမ်းကားပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ဖြတ်သန်းသွားလာနေသည့် အပြစ်မဲ့ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရကြောင်း PDF- ကလေးက ထုတ်ပြန်ထားသည်။

မင်းတပ်တွင်လည်း တိုက်ပွဲများဖြစ်

===================

ချင်းပြည်နယ် မင်းတပ်မြို့နယ် အနောက်ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် နယ်မြေခံတပ်ရင်း ခလရ (၂၇၄) တပ်ရင်းထဲကို CDF-Mindat တပ်ဖွဲ့မှ လက်နက်ကြီး များဖြင့် ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို အတိအကျမသိရှိရသေးကြောင်းနှင့် CDF- Mindat ဘက်မှ ထိခိုက်မှု မရှိကြောင်း CDF – Mindat မှ သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်တွင်လည်း CDF-Mindat ၏ ဝံပုလွေစစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီ၏ မင်းတပ်မြို့အဝင်ဂိတ် တစ်ခုကို ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှု သည် စစ်ကောင်စီတပ်မှ ဝါဒဖြန့်ချိရေးအဖြစ် ယနေ့ ကျင်းပပြုလုပ်မည့် စျေးရောင်းပွဲတော်ကို ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှု များနိုင်ကြောင်း CDF- Mindat မှ သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မင်းတပ်မြို့နယ် စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအဖြင့် ရရှိထားသော ဆန်အိတ် များစွာကို မတရားထိန်းသိမ်းထားပြီး ဝါဒဖြန့်ချိရေးအဖြစ် စျေးရောင်းပွဲတော် ဟန်ပြဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် CDF-Mindat က ဆက်လက် တိုက်ခိုက်သွားမည်ဖြစ် ကြောင်း သတိပေးထားသည်။

မင်းတပ်မြို့ပေါ်ရှိ အများပြည်သူများအနေဖြင့် အကြမ်းဖက် စကစ ၏ ဝါဒဖြန့်ချီရေး စျေးရောင်းပွဲတော်သို့ ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်ကြရန်နှင့် နေအိမ်များတွင်သာ လုံလုံခြုံခြုံ နေထိုင်ကြရန် CDF-Mindat က တိုက်တွန်းနှိုးဆော်သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s