မြိုင်တွင် ဖောက်ခွဲခံခဲ့ရသည့် စစ်တပ် စက်မှု ၂ ဓာတ်အားလိုင်းလာရောက်ပြုပြင်သည့် စစ် ကြောင်း မိုင်းဆွဲခံရပြီး ၅ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဖောက်ခွဲခံထားရသည့် တပ်စက်မှု ၂ ဓာတ်အားလိုင်းကို ယနေ့ လာရောက်ပြုပြင်သည့် စစ်တပ်စစ်ကြောင်းများ မိုင်းဆွဲခံရပြီး ၅ ဦးသေဆုံးကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

PDF များက စက်တင်ဘာလ ၇ရက်နေ့ ကဖောက်ခွဲဖျက်စီးခဲ့သော စစ်တပ်စက်မှု ၂ ဓာတ်အားလိုင်းကို စစ်ကောင်စီတပ်များက အင်အား ၇၀ ခန့်ဖြင့် ယနေ့ လာရောက်ပြင်ဆင်ခဲ့ရာ ယနေ့ နံနက် ၉ နာရီ ၂၅ မိနစ် အချိန်ခန့် မြိုင်မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတို့က အသင့်ပြင်ထားသော ပဒေသာမိုင်း၂၀ ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှု ကြောင့် စစ်သား အနည်းဆုံး ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း သိရှိရသည်။

မြိုင်မြို့နယ်နှင့် ပခုက္ကူမြိုနယ်ရှိ မိဘပြည်သူများ အနေဖြင့် စခတပ်စက်မှု၂ သို ဓာတ်အားပေးသည့် ၆၆၀၀၀ဗို ဓာတ်အားလိုင်းအနီးသို အဆင်အခြင်မဲ့ သွားလာခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အရင်စက်မှု ၂ စစ်ခွေးတွေ နေတဲ့နေရာကို မီးပေးထားတဲ့ တိုင်တွေကို ချိုးထားတာ၊ အခုက စစ်တွေ အင်အားအများကြီးနဲ့လာပြင်တာ ။ ကျနော်တို့က မိုင်းတွေ ကြိုခင်းထားပြီး သူတို့လာတဲ့အချိန် ကျွေးလိုက်တာ။ ရွာနီးချုပ်စပ်တွေ သတိထားရမယ်။ သူတို့ အထိနာသွားတော့ ပြည်သူတွေကို ပတ်ရမ်းနေမှာ ။ သူတို့ အတော်ထိသွားတယ်။ မိုင်းတော့ သူတို့ အတော်ကြောက်တာ” ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာ ဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s