အာဏာသိမ်းခြင်းကို ဆန့်ကျင်၍ မန္တလေးလူ ငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရသည့် လူငယ်များ လူ့အခွင့်ရေးချိုးဖောက်ခံနေရ

မန္တလေး လူငယ်သင်တန်းကျောင်းတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံထားရသည့် လူငယ်များအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

မန္တလေး လူငယ်သင်တန်းကျောင်းအတွင်း ရောက်ရှိနေသည့် လူငယ်များသည် ပညာသင်ကြားခွင့်၊ စာအုပ်စာပေဖတ်ရှုခွင့်၊ သတင်းအချက်အလက်ရရှိခွင့်၊ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လိင်စိတ်ကွဲပြားမှုများတွင် အခွင့်ရေးများ ချိုးဖောက်ခံနေရသည်ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“ဘာပဲဖြစ်ဖြစ် ပါရာတစ်မျိုးပဲတိုက်တယ်။ ဆရာဝန်လည်းမထားပေး။ ဒါကျန်းမာရေးကိစ္စ၊ ရုပ်မြင်သံကြားကြည့်ခွင့်တွေဘာတွေလည်း မရှိဘူးပေါ့ဗျာ။ပြီးတော့ နိုင်ငံရေးနဲ့ရောက်လာနေတဲ့ ကလေးတွေက စာသင်ခွင့်လုံးဝမရသေးဘူး” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

နိုင်ငံရေးကြောင့် ရောက်ရှိလာသည့် လူငယ်များသည် မိသားစုများနှင့် တွေ့ခွင့်မရခြင်း ၊ပို့သည့်ပစ္စည်းများ ကြားဖြတ်ယူခံရခြင်း စသည့်အခက်အခဲများလည်း ကြုံနေရပြီး အခြားလူငယ်များထက်စာလျှင် ပိုမိုဖိနှိပ်မှုများ ကြုံတွေ့နေရသည်။

လူငယ်သင်တန်းကျောင်းသည် လူမှုဝန်ထမ်းဦးစီဌာန လက်အောက်တွင်ရှိနေပြီး အန္တရာယ်ကျရောက်လွယ်သော ကလေးများ၊မိဘမဲ့ကလေးများ၊ စွန့်ပစ်ခံရသောကလေးများ၊ ကလေးသူငယ် တရားရုံးတွင် ပြစ်မှုနှင့်ရင်ဆိုင်နေရသော ကလေးသူငယ်များ၊ ခေါင်းပုံဖြတ်ခြင်း၊ လျစ်လျူရှုခြင်း၊ လွဲမှားစွာပြုကျင့်ခြင်းနှင့် အကြမ်းဖက်ခြင်း ခံနေရသော ကလေးများအား လက်ခံစောင့်ရှောက်နေကြောင်း ၎င်းတို့၏ဝက်ဆိုက်စာ မျက် နှာတွင် ဖော်ပြထားသည်။

သင်တန်းကျောင်းအတွင်း ရောက်ရှိနေသည့်လူငယ်များကို စားဝတ်နေရေး၊ ကျန်းမားရေး၊ ပညာရေး၊ အားကစားလှုပ်ရှားမှုများအပြင် အသက် မွေးဝမ်းကြောင်းပညာများ သင်ကြားခြင်း၊ ကျောင်းပြင်ပပညာရေး သင်ကြားပေးခြင်း များ၊ ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ တ ရားထိုင်စေခြင်း၊ အပန်းဖြေ လေ့လာရေး ခရီးများထွက်ခြင်း၊ လူမှုရေးပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပေးခြင်းများ ပြုလုပ်သည် ဟုလည်းသိရသည်။

သို့သော်နိုင်ငံရေးကိစ္စများကြောင့် ရောက်ရှိသည့် လူငယ်များသည် အထက်ပါအခွင့်အရေးများကို ရရှိနေခြင်းမရှိဘဲ အာဏာပိုင်များ၏ ဖိနှိပ်မှုများခံနေသည်။ အထူးသဖြင့် လိင်စိတ်ကွဲပြားသူများကို ခွဲခြားဆက်ဆံမှုများနှင့် သရော်မှုများပြုလုပ်သည့်အပြင် လိင်ပိုင်းဆိုင်ရာစော်ကားမှုများ လည်း ပြုလုပ်နေကြောင်းသိရသည်။

“LGBTဖြစ်နေလို့ဆိုပြီး ထိုးကြိတ်တာတွေရှိတယ်။ ရွံစရာလူတွေလို ပြောတာတွေရှိတယ်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လည်းလုပ်တယ်။ သူတို့ကို ကာကွယ်ပြီးပေးမယ့်သူ မရှိဘူး” ဟု အထက်ပါသတင်ရင်းမြစ်က ပြောပြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသူများထဲတွင် အသက်မပြည့်သေးသည့် ဆယ် ကျော်သက်အရွယ် လူငယ်များလည်း ပါဝင်ခဲ့သည်။ အဆိုပါ ဆယ်ကျော်သက်များကိုပင် စစ်ကောင်စီက ဖမ်းဆီးမှုများပြုလုပ်ပြီး လူငယ်သင် တန်းကျောင်းများတွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s