စစ်ကိုင်းမြို့တွင် ဈေးဝယ်ပြန်လာသည့် နုံးတွင်းအမြောက်တပ်မှ စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် နုံးတွင်းအမြောက်တပ်မှ ဈေးဝယ်ပြန်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးကို စက်တင်ဘာ လ ၁၈ ရက်၊ နံနက် ၆ နာရီ အချိန်ခန့်တွင် ပစ်ခတ်ခဲ့ကြောင်း Famers Revolution Force (SGG) တပ်ဖွဲ့ထံက သိရသည်။

”သူတို့နှစ်ယောက်က အရပ်ဝတ်နဲ့ အရပ်သားပုံစံလာတာ။ ဈေးကို ဆိုင်ကယ်နဲ့လာတာ။ လက်နက်မပါဘူး။ သူတို့ဆီက ဖုန်းတစ်လုံးပဲရခဲ့တယ်။ တပ်ကြပ်နဲ့တပ်သား အဆင့်လို့ သိရပါတယ်။ ”ဟု Famers Revolution Force (SGG) တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်သား နှစ်ဦးသည် နေရာ၌ပင် သေဆုံးသွားကြောင်း Famers Revolution Force (SGG) တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံထံက သိရသည်။

အဆိုပါ ပစ်ခတ်မှုကို Famers Revolution Force (SGG)နှင့် နဂါးညီနောင်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ ညောင်ပင်ဝန်းကျေးရွာအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s