စစ်ကောင်စီတပ်အခြေစိုက် လယ်တိုးစခန်းကို ကော်သူးလေတပ်မတော်မှ ခြုံခိုတိုက်ခိုက်

ကရင်ပြည်နယ်၊ KNU တပ်မဟာ(၅)နယ်မြေ၊ ဖာဖွန်ခရိုင်တွင် စက်တင်ဘာ၂၂ရက်နေ့က စစ်ကောင်စီတပ်အခြေစိုက် လယ်တိုးစခန်းကို KNU ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာ လက်အောက်ခံတပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

ထို့အပြင် စက်တင်ဘာ၂၁ရက်နေ့ နေ့လယ် ၁နာရီတွင် စစ်ကောင်စီတပ်အခြေစိုက် မဲဝိုင်စခန်းကို စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် စစ်သုံးပစ္စည်းများကို လာရောက်ပို့ဆောင်စဉ် အရှေ့အစီးမှ ဗုံးသီး ငါးလုံးပစ်ချခဲ့ပြီး ကျန်တစ်စီးမှ ပစ္စည်းအထုတ်ကြီး တစ်ထုတ်ပစ်ချခဲ့သည်။

သို့သော် ၎င်းပစ္စည်းများမှာ စခန်းအပြင်သို့ ကျရောက်ခဲ့ခြင်းကြောင့် စခန်းရှိတပ်သားများမှ စခန်းအပြင်ထွက်ကာ သွားရောက်ယူဆောင်စဉ် KNUတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု မထောရွာအတွင်း နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မဲဝိုင်ကျေးရွာဘက်သို့ လက်နက်ကြီး ၁၂၀မမဖြင့် နှစ်လုံး ပစ်ခတ်ခဲ့ပြီး ဒေသခံများထိခိုက်မှုမရှိကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။

ဖာပွန်မြို့အနီးရှိ ထူမောဒဲရွာတံတားအနီးတွင် KNUကော်သူးလေတပ်မတော်မှ ခြုံခိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါနေ့တွင်ပင် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် ၁၀၀ကျော်မှ အုန်းတောလှေဆိပ်မှ တစ်ဆင့် တပ်မဟာ(၅)နယ်မြေထဲသို့ ဝင်ရောက်လာသည်။ စက်တင်ဘာ၂၀ရက်နေ့တွင်လည်း KNUကော်သူးလေတပ်မတော်မှ စစ်ကောင်စီအခြေစိုက် ဆင်စွယ်စခန်းအနီးတွင် တစ်ကြိမ်နှင့်တောင် ကုန်းတွင် တစ်ကြိမ်၊ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မူတြော်သတင်း စဉ်မှ ရေးသားထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s