စေတုတ္တရာ၊ တန့်ဆည်၊ ဝက်လက်၊ မြ၀တီ၊ မုံရွာတို့တွင် စစ်ကောင်စီတပ်များကို PDF များ တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံး

စေတုတ္တရာ၊ တန့်ဆည်၊ ဝက်လက်၊ မြ၀တီ၊ မုံရွာတို့တွင် စစ်ကောင်စီတပ်များကို PDF တပ်များက တိုက်ခိုက်ရာ စစ်သား ၂၀ ကျော်သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှ သိရှိရသည်။

စေတုတ္တရာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး၊ ပြည်သူ ၅၀၀ နီးပါး စစ်တပ်က ပိတ်ဆို့ထား

===========================================

မကွေးတိုင်း စေတုတ္တရာမြို့နယ်မြောက်ပိုင်း အပေါကျေးရွာတွင် စက်တင် ဘာလ ၂၀ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို CDF ကန်ပက်လက်၊ မဟူ ရာတပ်ရင်း ၂ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေ ဆုံးကြောင်း သိရှိရသည်။

အပေါကျေးရွာမှ ပြည်သူများက မုန်းချောင်း တစ်ဖက်ကမ်း မင်းဒင်ကျေးရွာတွင် စစ်ဘေးရှောင်ကြရင်း စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ၁၀၀ ဝန်းကျင်က မင်းဒင်နှင့်အပေါကျေးရွာမှ ပြည်သူ ၄၈၉ ဦးကို အခြားဒေသများသို့ ရှောင်တိမ်းမသွားနိုင်အောင် ပိတ်ဆို့ထားကြောင်း၊ အပေါကျေးရွာမှ ရပ်မိရပ်ဖ ၅ ဦးကို ခေါ်ယူ စစ်ဆေးမေးမြန်းပြီး အပေါကျေးရွာ မှ တစ်အိမ်တစ်ယောက် မလာမနေရ ပြန်လာခိုင်းသဖြင့် ၄၅ ဦး စစ်တပ်ထံသွားရောက်ကြောင်း၊ စစ်တပ်က သေဆုံးစစ်သားများ၏ အလောင်းများကို သဂြိုလ်ခိုင်းပြီး ယနေ့ ညနေ ၅ နာရီအထိ ရွာသား ၄၅ ဦးစလုံး ပြန်မရောက်သေးသဖြင့် မိသားစုများမှာ စိုးရိမ်စိတ်ပူနေကြကြောင်း၊ မင်းဒင်နှင့်အပေါကျေရွာမှ ၄၈၉ ဦး မှာလည်း ပိတ်ဆို့ခံထားရပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

တန့်ဆည်တွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

============================

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ရွာပေါင်းစုံပတ်၍ မီးရှို့နေသော စစ်ကောင်စီတပ်နှင့် တန့်ဆည်PDF တပ်ပေါင်းစုတို့ ယနေ့နံနက် ၈နာရီခွဲတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၅ဦးသေဆုံးပြီး PDF ၃ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း တန့်ဆည်PDF ထံမှ သိရသည်။

အင်အား၁၀၀ခန့်ရှိသော စစ်ကောင်စီတပ် တပ်မ(၃၃)နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို နဘက်ငယ်ရွာကို မီးရှို့ပြီး အထွက်တွင် တန့်ဆည်PDF တပ်ပေါင်းစုက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ရာမှ နာရီဝက်ခန့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“နဘက်ငယ်ကအထွက်မှာ ထိတွေ့မှုဖြစ်တာ နာရီဝက်လောက်ကြာတယ်၊ တိုက်ပွဲပြီးတော့ စခတွေက အလောင်း ၅ လောင်း လောက်ကို ထမ်းသွားတာ မြင်ရတယ်။ ကိုယ့်ဘက်ကတော့ ရဲဘော်၃ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်” ဟု တိုက်ပွဲဝင် ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။

တိုက်ပွဲတွင် တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တပ်ရင်း(၂၆)၊ Guerrilla Warfare KPK၊ TSR၊ Nine Star နှင့် မြို့နယ်ပကဖတို့ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

မြ၀တီ-ဝေါ်လေ လမ်းပိုင်းတွင် စစ်သား ၇ ဦးသေဆုံး

=============================

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ လမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာ အနီးသို့ ကျူးကျော်ရန် ကြိုးစားလာသော အကြမ်း ဖက်စစ်ကောင်စီတပ်များကို KNLA ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ် ဖွဲ့ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ စက်တင်ဘာ ၂၂ ရက်‌နေ့တွင် ပူပေါင်းတပ်ဖွဲ့များဘက်မှ လက်ဖြောင့်စနိုက်ပါစစ်သည်တော် နှစ်ဦး၏ စွမ်းဆောင်ချက်ကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း ကော်ဘရာစစ် ကြောင်းက သတင်းထုတ်ပြန်သည်။

မုံရွာတွင် စစ်သားနှင့်ရဲ ၃ ဦးသေဆုံး

====================

စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ်၂ ရဲစခန်းနှင့် မြန်မာဘီယာ စက်ရုံကို စက်တင် ဘာ ၂၁ ရက်နေ့တွင် မိုင်များဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ရဲ၂ဦးနှင့် စစ်သား ၁ဦး သေဆုံးခဲ့ကြောင်း MRDA-Monywa အဖွဲ့က တရားဝင်သတင်းထုတ်ပြန်ထား သည်။

ဝက်လက်တွင် စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားသေဆုံးမှုများနိုင်

===========================================

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန်းလေးကားလမ်းပေါ်တွင် စက် တင်ဘာ လ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန်ခန့် ရွှေဘိုဘက်မှ ထွက်လာသော စစ်အင်အား ၇၀ ပါ သံပြားကာ ကား၂ စီးကို သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီသွေးတပ်ခွဲ မှ(၆)လုံးမိုင်းပဒေသာဖြင့် မိုင်းခွဲတိုက် ခိုက်ခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကား ၁ စီးထိမှန်ကာ မောင်းမရ အောင် ပျက်စီးဆုံးရှုံးသွားသောကြောင့် စစ်သားများက စိုင်နိုင်ကွေ့လမ်းဘေးဝဲယာတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခက်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စိုင်နိုင်ကွေ့မှ ပစ်ခတ်ပြီးအပြန်တွင် ကားတစ်စီး ရွှေဘိုဘက်သို့ ထွက်ခွာသွားရာ သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စိုင်နိုင်လေးနှင့် ဘုန်းဘွဲ့ကျေးရွာကြားတွင် ထပ်မံပြီး ပဒေသာမိုင်း ၅ လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ၊တိုက်ခိုက်မှုကြောင့် စစ်သားသေဆုံးမှုများနိုင်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s