တောင်သာမြို့နယ် လှည်းကူးမကျေးရွာ အုပ် ချုပ်ရေးမှူးကို ပစ်သတ်ခဲ့ကြောင်း MBT အဖွဲ့မှ သတင်းထုတ်ပြန်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ လှည်းကူးမကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်းအောင်ကျော်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း Myingyan Black Tiger (MBT)အဖွဲ့မှ စက်တင်ဘာ ၂၃ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီအဖွဲ့က အားကိုးရသူဖြစ်ခြင်းကြောင့် ၎င်းအုပ်ချုပ်ရေးမှူးကို M-22 သေနတ်ပင် ပေးထားကြောင်းသိရသည်။

အဆိုပါ လက်နက်အားကိုးဖြင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ လူငယ်များကို ဖမ်းဆီးငွေတောင်းခြင်းများ၊ CDM ဝန်ထမ်းများကို ခြိမ်း ခြောက်ဖမ်းဆီးခြင်း၊ စစ်ကောင်စီအဖွဲ့ကို မမှန်သတင်းများပေးပြီး ကျေးရွာနေ ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးနေခြင်းကြောင့် စက် တင်ဘာ၂၁ရက်၊နေ့လယ် ၁၂ နာရီခန့်တွင် ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်သတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသည့် အုပ်ချုပ်ရေးမှူးထံမှ M-22 သေနတ် တစ်လက်၊ ကျည်ဘောက် သုံးခု၊ 7.62 ကျည် ၃၇တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကို Myingyan Black Tiger (MBT)၊ TTA ပြောက်ကျားတပ် (တောင်သာ)၊ The Value Of Young Man (တောင်သာ)၊ JKP 22 *Submachine Gun Production in Burma၊ Natogyi Regional Defence Force(မြေလတ်)စသည့် မဟာမိတ်တပ်ဖွဲ့များမှပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s