ပုသိမ်မြို့ အမှတ်(၂၄)ကျောင်းတွင် ဆရာမတစ်ဦး COVID-19 ရောဂါပိုးကူးစက်ခံရ၊ ကျောင်းသားမိဘများ ရုတ်ရုတ်သဲသဲဖြစ်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ကုန်သည်လမ်းမပေါ်ရှိ အမက (၂၄) ကျောင်းတွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းအချိန်က ဆရာမတစ်ဦး COVID-19 ရောဂါပိုးကူးစက်ခံရ၍ ကျောင်းသားမိဘများ ရုတ်ရုတ်သဲသဲဖြစ်ကာ ကလေးများကိုပြန်လာခေါ်နေကြောင်း သိရသည်။

“ဆရာမတစ်ယောက် ကိုဗစ်ပိုးတွေ့တယ်ဆိုပြီး ကလေးတွေကို မိဘတွေပြန်လာခေါ်နေကြတာအများကြီးပဲ ၊ ဒုတိယတန်းကို စာသင်တဲ့ဆရာမမှာ ပိုးတွေ့တာလို့တော့ ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ကျောင်းသားမိဘများက ကလေးများကို ပြန်လည်ခေါ်ယူ

နေသော်လည်း ကိုဗစ်ပိုးကူးစက်ခံရသော ဆရာမစာသင်သည့်

အခန်းမှ ကလေးများကိုသာ ပြန်ခွင့်ပေးနေပြီး ကျန်စာသင်ခန်းများကို ပိုးသတ်ဆေးဖြန်းကာ စာဆက်လက်သင်ကြားခိုင်းနေ​သည်ဟု ဒေသခံကဆိုသည်။

ပုသိမ်မြို့တွင် ယခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အတွင်း COVID-19 ကူးစက်ခံထားရသူ ၅၀ ကျော်ခန့်ရှိနေသည့် အတွက် ကျောင်းသားမိဘများ စိုးရိမ်မှုများရှိနေကြသည်ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ဖွင့်လှစ်ခဲ့သည့်ကျောင်းများတွင် ၂၀၂၁ ခုနှစ်က ကျောင်းအပ်နှံသူနည်းပါးခဲ့သော်လည်း ယခုနှစ်တွင်မူ ကျောင်းအပ်နှံသူ ပြန်လည်များပြားလာကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s