မန္တလေးတွင် ရဲကား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ၇ ဦးခန့် ဒဏ်ရာရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုပန်းခြံအနီး ကင်းလှည့်လာတဲ့ စစ်ကောင်စီ ကားတစီးကို စက်တင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီလောက်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ကားပေါ်မှာ ရဲတပ်ဖွဲ့ဝင် ၁၅ ယောက် လိုက်ပါလာပြီး မိုင်း ၂ လုံးခွဲ တိုက်ခဲ့ရာ ၇ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂ ယောက်မှာ ပြင်း ထန်ဒဏ်ရာနဲ့ သေဆုံးနိုင်ဖွယ် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲ့ဒီဗုံးပေါက်ကွဲမှုမှာ ရဲတပ်ဖွဲ့ဝင် ၇ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးနိုင်ဖွယ်ရှိတယ်လို့ မြို့ပြပြောက် ကျားအဖွဲ့က ထုတ်ပြန်ပေမဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှာတော့ ဒဏ်ရာရသူမရှိဘူးလို့ သတင်းဖြန့်ထားပါတယ်။

မနေ့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ရတနာပုံတက္ကသိုလ်သွား မီးပွိုင့်အနီးမှာ သေနတ်ထောင်ပစ်ဖောက်ခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s