မရမ်းကုန်း ၃ ရပ်ကွက်တွင် စစ်တပ်ခန့် ရာအိမ်မှုး၊ ဒလန်သတင်းပေးဟုနာမည်ထွက်သူ ၊ မူးယစ်ဆေးဝါးရောင်းသူ ဇွဲသူ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်တွင် စစ်တပ်ခန့်ရာအိမ်မှုး၊ ဒလန်သတင်းပေးဟု နာမည်ထွက်သူ၊ မူးယစ်ဆေးဝါးရောင်းသူ ဇွဲသူ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၂၂ ရက် နံနက် ၁၁နာရီ ၅၄ မိနစ်အချိန်တွင် ရန်ကုန်မြို မရမ်းကုန်းမြို့နယ် ၃ရပ်ကွက်၊ ကံသာဇေယျုံအပိုင်းမှ စစ်တပ်ခန့်ရာအိမ်မှုး၊ ဒလန်သတင်းပေး နှင့် မူးယစ်ဆေးဝါးရောင်းသူ ဇွဲသူကို Myanmar Independence Unit (MIU)၊ Marauder Front Five (MFF) နှင့် Black Shadow Squad (BSS) တို့ပူးပေါင်း ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဇွဲသူက စစ်တပ်အမာခံသတင်းပေးတစ်ယောက်။ ရပ်ကွက်မှာ ရာအိမ်မှုးဆိုပြီးမြောက်ကြွကြွ နဲ့ကောင်။ ရပ်ကွက်ထဲဧည့်စာရင်းစစ်တွေ နဲ့ တော်လှန် ရေးသမားတွေကို ဖမ်းဆီးရာမှာလည်း သတင်းပေးပြီး ကိုယ်တိုင်လိုက်လံဖမ်းဆီးပေးတဲ့သူ။ အဲဒီကောင်က စစ်ခွေးတွေရဲ့လက်စွဲ။ ပြီးတော့ စစ်ခွေးတွေနဲ့ပေါင်းပြီး မူးယစ်ဆေးဝါးတွေ မြို့နယ်ထဲမှာ ဖြန့် ဖြူး ရောင်းချနေတဲ့သူ။ သူကိုယ်တိုင်လည်းသုံးတယ်၊ လူငယ်တွေကိုလည်း မူးယစ်ဆေးဝါးရောင်းပေးပြီး ဖျက်ဆီးနေတဲ့သူ။ လူဆိုး၊ ငပွေ၊ မိန်းမ၂ယောက်ယူပြီး စစ်ခွေးပေးတဲ့ အာဏာနဲ့ လုပ်စားနေတာ။ မနေ့က၂၁ရက်နေ့မနက်ပိုင်းမှာတောင် ရပ်ကွက်ထဲ မီတာဆောင်ဖို အော်ဟစ်နေတာ။ ရပ်ကွက်ထဲ မီတာမဆောင်တဲ့အိမ်တွေကို EPCက ခွေးနောက် လိုက်တွေနဲ့ မီတာပုံးတွေလိုက်ဖြုတ်ပြီး မီးလိုက်ဖြတ်နေတာ။ သူဒီနေ့ သေရမှာ မသိဘဲ လူတွေကို ဒုက္ခပေးသွားသေးတာ” ဟု ဒေသခံတစ်ဦးက‌ ပြောသည်။

“ပြီးခဲ့တဲ့လတွေတုန်း သူ့ကြောင့် အဖမ်းခံခဲ့ရတဲ့ သပိတ်အဖွဲကလေးတွေရှိခဲ့ပြီး၊ စစ်ကြောရေးမှာ တစ်ဦးကျဆုံးခဲ့တယ်။ နောက်ပြီး ရပ်ကွက်ထဲက လူငယ်လူရွယ်တွေဆို PDFတွေဆိုပြီး မဟုတ်မမှန် အတိုထောင်လုပ်ပြီး သတင်းပေး ဖမ်းခိုင်းတာတွေလည်းရှိတယ်။ တော်တော်ဆိုးဆိုးကောင်” ဟု မြို့ပြပျောက်ကျား တော်လှန်ရေးအသိုင်းဝိုင်းကပြောသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s