မိုးဗြဲမြို့ပေါ် တိုက်ပွဲအတွင်း မဟာမိတ် တပ်ပေါင်းစုများ၏ စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ရှမ်းနှင့် ကရင်နီပြည်အစပ် မိုးဗြဲမြို့ပေါ် တိုက်ပွဲအတွင်း မဟာမိတ် တပ်ပေါင်းစုများ၏ စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း မိုးဗြဲ PDFက ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်ညပိုင်တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီ၏ လွိုင်ကော်အမြောက်တပ်မှ ပစ်လိုက်သော ၁၂၀မမများထဲမှ နှစ်ချက်သည် စစ်ကောင်စီတပ်သားများတပ်စွဲထားရာ မိုးဗြဲစက်တော်ရာတောင်ပေါ်သို့ တည့်တည့်မတ်မတ်ကျရောက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုမြောက်များစွာ ရှိခဲ့သည်ကို အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ ညနေ ၂ နာရီဝန်းကျင်ခန့်မှ ၆ နာရီအချိိန်အထိ ၄နာရီကြာတိုက်ပွဲဖြစ်ပွါးခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

” ကျွန်တော်တို့နဲ့ မနေ့က ထိတွေ့တိုက်ပွဲဖြစ်တဲ့အချိန်မှာ မျက်နှာချင်းဆိုင်ပစ်ရင်း သူတို့ဘက်ကကျတာတွေလဲ ရှိတယ်၊ လက်ရှိတော့ တိုက်ပွဲဆက်ဖြစ်နေတဲ့ အခြေအနေပါ” ဟု တိုက်ပွဲအတွင်း ပူးပေါင်းပါဝင်နေသည့် နေပြည်တော် PDF ၈၀၄တပ်ရင်းမှ တပ်ခွဲမှူး ဆင်ကြီးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်က မိုးဗြဲမြို့ထဲကို အင်အာအလုံးအရင်းဖြင့် စက်တင်ဘာလ ၁၉ရက်မှစ၍ တကျော့ပြန်စစ်ကြောင်းထိုးလာပြီး စက်တော်ရာတောင်ကုန်းပေါ်တွင် တပ်စွဲထားသဖြင့် မဟာမိတ်တပ်ပေါင်းစုများဖြစ်သည့် MBPDF 1001/1007၊ ဖယ်ခုံ PDF B-01၊လွိုင်ကော် PDF၊အ လယ်ပိုင်း တိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ နေပြည်တော် PDF၊ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF ၊KGZ နှင့် URF တို့မှ ပူးပေါင်းခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက် မနက် ၃နာရီအချိန်မှစပြီး မိုးဗြဲမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး ထိခိုက်ကျဆုံးမှု အခြေအနေများကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့များ စစ်ရေးအခြေအနေမှာဆက်လက်တင်းမာနေသဖြင့် ပြည်သူများအနေဖြင့် မိုးဗြဲမြို့တွင်းအသွားအလာလုံးဝ မပြုလုပ်ကြရန် MBPDF က သတိပေးထားသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စတင်ဘာလ ၈ ရက်ကစ၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့လာခဲ့ပြီး ကရင်နီတပ်ပေါင်းစုများ၏ ခုခံစစ်ကြောင့် အထိနာက ပြန်လည်ဆုတ်ခွါခဲ့ရကာလက်ရှိအချိန်တွင် တင့်ကားများနှင့် တာဝေးပစ်လက်နက်ကြီးများ ပစ်ခတ်ကာ စစ်ကြောင်းပြန်ထိုးလာခြင်းဖြစ်သည်။

ယမန်နေ့ နေ့လည် ၁ နာရီ မိနစ် ၃၀အချိန်တွင်လည်း မိုးဗြဲမြို့ပေါ်သို့ လက်နက်ကြီးအဆမတန် ပစ်ခတ်နေသည့် ငွေတောင်အခြေစိုက် ၁၀၂ တပ်ရင်းရှိ လက်နက်တိုက်တစ်ခု မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s