ရန်ကုန်တွင် မီတာသုံးစွဲမှုနည်းပါးသည့် နေ အိမ် များ မီတာခ ၂ လစာအပြင် ဒဏ်ကြေးပါ ပေးနေရ

ရန်ကုန်မြို့မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ လစဉ်ပေးဆောင်ရမယ့် မီတာကြေးတွေကို ၂ လစာ ပေါင်းဆောင်နေရပြီး နောက်ကျဒဏ်ကြေးတွေလည်း ထပ်ဆောင်း ပေးဆောင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မီတာရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မီတာဖတ်သူ၊ မီတာစာရွက် ဖြန့်ဝေသူတွေဟာ မီတာသုံးစွဲမှုနည်းပါးတဲ့ နေအိမ်တွေကို လစဥ် မီတာဖတ်တာမရှိသလို မီတာစာရွက်တွေ ဖြန့်ဝေရာမှာလည်း ၂ လစာပေါင်းပြီးမှ မီတာစာရွက် ဖြန့်ဝေတာမျိုးတွေ ပြုလုပ်နေကြပါတယ်။

လျှပ်စစ်မီတာရုံးတွေရဲ့ သတ်မှတ်ချက်မှာတော့ ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမယ့် သတ်မှတ်ရက်မှာ ပေးဆောင်ခြင်းမရှိတဲ့ နေအိမ်တွေကို ညနေပိုင်းမှာ ဓာတ်အားဖြတ်တောက်ရမှာဖြစ်ပေမဲ့ လာရောက် ဓာတ်အားဖြတ်တောက်တာတွေလည်း မရှိဘဲ ဆက်လက်အသုံးပြုခွင့်ရနေပြီး ၂ လစာပေးဆောင်ရမယ့် မီတာစာရွက်တွေကိုသာ နောက်လတွေမှ လာရောက်ဖြန့်ဝေနေတယ်လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

အဲ့ဒီလို ၂ လစာပေးဆောင်ရမယ့် မီတာစာရွက် လက်ခံရရှိချိန်မှသာ မီတာရုံးကို သွားရောက် ပေးဆောင်ချိန်မှာတော့ နောက်ကျဒဏ်ကြေးအ ဖြစ် ကျပ် ၃,၀၀၀ အပိုဆောင်း ပေးနေရတာဖြစ်ပြီး ရန်ကုန်မှာနေထိုင်တဲ့ ပြည်သူတော်တော်များများဟာ အဲ့ဒီလို အခြေအနေမျိုးတွေကို ရင် ဆိုင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ အိမ်သုံးမီတာတွေအတွက် နောက်ကျဒဏ်ကြေးတွေကတော့ တလနောက်ကျရင် ကျပ် ၂,၀၀၀၊ ၂ လနောက်ကျရင် ကျပ် ၃,၀၀၀၊ ၃ လနောက်ကျရင် ကျပ် ၄,၀၀၀၊ ၃ လနဲ့အထက်ဆိုရင် မီတာဖြုတ်သိမ်းရမယ်လို့ မီတာရုံးတွေရဲ့ ကြေညာချက်တွေမှာ တွေ့ရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s