လုံခြုံရေးမကောင်းသဖြင့် မဲဇလီကျေးရွာရဲ ကင်းခြံဝင်း သော့ခတ်ပြီး ဆိုင်းဘုတ်ဖြုတ်ထား

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာရဲကင်းဟာ စခန်းလုံခြုံရေး မကောင်းတာ၊ ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးကြတာတွေကြောင့် စခန်းမှာ အစောင့်လောက်ပဲထားပြီး စခန်းခြံဝင်းကို သော့ခတ်ထားကာ ရဲကင်းစခန်း ဆိုင်းဘုတ်ကိုလည်း ဖြုတ်ထားရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

မင်းတုန်းမြို့ခံတယောက်က “အခုရက်ပိုင်းတွေမှာ ပုသိမ်-မုံရွာလမ်းဘက်ကို PDF တွေ ဆင်းလာတယ်၊ စခန်းလုံခြုံရေး စိတ်မချရဘူးဆိုပြီး ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေကို မင်းတုန်းမြို့မ ရဲစခန်းကို ခေါ်ထားပြီး မဲဇလီကျေးရွာ ရဲကင်းစခန်းဝင်းကို ပိတ်ထားလိုက်တာ ၂ ရက် ၃ ရက်လောက် ရှိနေပါပြီ” လို့ ပြောပါတယ်။

မဲဇလီကျေးရွာရဲကင်းက အရင်က ဒုရဲအုပ်တယောက် အုပ်ချုပ်ပြီး တခြားအဆင့် ၇‌ ယောက်နဲ့ စုစုပေါင်း ၈ ယောက် ရှိခဲ့ရာက သရက်ခရိုင်ရဲမှူးအိမ်ကို တယောက်သွားစောင့်ပြီး မကွေးမြို့ကို တာဝန်နဲ့ ခဏလွှတ်လိုက်တဲ့ ဒုတပ်ကြပ် ဇော်မျိုးထွန်း၊ ရဲတပ်သား အေးချမ်းနဲ့ တပ်သားမောင်မောင်တို့ကလည်း မကွေးကနေ ထွက်ပြေးသွားတာကြောင့် ၄ ယောက်‌လျေ့ာပြီး အခုဆိုရင် ၄ ယောက်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s