ဝက်လက်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ကို စစ်ကောင်စီတပ်က နှစ်ဖက်ညှပ် ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အရေးပေါ်ကိစ္စဖြင့် သွားလာသည့် ကာကွယ်ရေးတပ်ဖွဲ့ကို စစ်ကောင်စီတပ်က သတင်းအတိအကျဖြင့် စောင့်ဆိုင်းပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိခဲ့ကြောင်း ကျားငါးကောင်ထောက်ပို့တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၁ ရက် နေ့လယ် ၃ နာရီအချိန်ခန့်က ကျားငါးကောင်ထောက်ပို့တပ်ဖွဲ့မှ ရဲဘော်များသည် ယူနီဖောင်း အပြည့်အစုံဖြင့် ရှေ့ပြေးဆိုင်ကယ်တစ်စီးနှင့် မော်တော်ယာဉ်တစ်စီး အသုံးပြုကာ စဉ့်ကိုင်လမ်းသို့ ကိစ္စတစ်ခုဖြင့် အရေးပေါ်သွားရောက်ခဲ့သည်။

ထိုသို့ သွားရောက်နေစဉ် ဝက်လက်မြို့နယ် ရှိမ်းမကားလမ်းဆုံ မြောက်ဘက်တွင်ရှိသည့် ကောင်းမိန်စားသောက်ဆ်ိုင်ရှေ့ အရောက်တွင် ကြိုတင်ကင်းပုန်းဝပ်စောင့်ဆိုင်းနေသည့် စစ်ကောင်စီတပ်က နှစ်ဖက်ညှပ်ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ပစ်ခံရတဲ့ နေရာမရောက်ခင်လေးမှာ ကားသုံးစီးဖြတ်သွားတယ်ဗျ၊ အဲ့မှာတော့ စစ်ခွေးတွေက မပစ်ဘူး၊ ကျွန်တော်နဲ့ ရဲဘော်တစ်ယောက်က ရှေ့ကဆိုင်ကယ်မောင်းတာ၊ နောက်ကကားကတော့ ရဲဘော်တွေ လိုက်တာပါ၊ ကောင်းမိန်ဆိုင်ရှေ့ရောက်တော့ ကျွန်တော့်ဆိုင်ကယ်ကို လျှပ်တစ်ပြက် စပစ်တော့တာပါပဲ။ အဲ့နောက် ကားဝင်လာတော့လည်း ကားကိုပါ တရစပ် ပစ်တော့တာပါပဲခင်ဗျ” ဟု ကျားငါးကောင် ထောက်ပို့ တပ်ဖွဲ့မှ တာဝန်ခံ ကျားငါးကောင် စနေက မဇ္စျိမကို ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့ ဖြတ်သန်းသွားလာမည့် သတင်းကို အတ်ိအကျ ရရှိထားသည့်အတွက်သာ စစ်ကောင်စီတပ်က ယခုကဲ့သို့ ကြိုတင်ကင်းပုန်းဝပ်စောင့်ဆ်ိုင်းကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်၏ နှစ်ဖက်ညှပ် ပစ်ခတ်မှုအတွင်း ရှေ့ပြေးမောင်းနှင်လာသည့် ဆိုင်ကယ်တိမ်းမှောက်ခဲ့သော်လည်း လိုက်ပါမောင်းနှင်လာသည့် ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး အထိအခိုက်မရှိ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အနောက်မှ လိုက်ပါလာသည့် မော်တော်ယာဉ်၏ ကိုယ်ထည်၊ အရှေ့ လေကာမှန် နှင့် တာယာများတွင်လည်း သေနတ်ထိမှန်မှုများ ရှိခဲ့ကာ ကားပေါ်တွင် လိုက်ပါလာသည့် ရဲဘော်နှစ်ဦးတွင်လည်း ကျည်ထိမှန်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး စိုးရိမ်စရာမရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံထံမှ သိရသည်။

“ ကားကိုလည်း လွတ်ရာကို ရှောင်ပြေးမောင်းနှင်န်ိုင်ခဲ့ပါတယ်၊ ကားပေါ်က ရဲဘော်နှစ်ဦးကတော့ ဒဏ်ရာ အနည်းငယ်ရခဲ့ပါတယ်၊ ရှပ်ပွတ်လေးတွေပါပဲ မစိုးရိမ်ရပါဘူးခင်ဗျ။ ဒီလို ကင်းပုန်းဝပ်ပြီး စောင့်နေတာဆိုတော့ ကျွန်တော့်အနေနဲ့ ကတော့ အတွင်းသတင်းတွေလည်း ပေါက်ကြားနေတာ ဖြစ်န်ိုင်ပါတယ်၊ တခြားအဖွဲ့အစည်းတွေကိုလည်း အထူး ဂရုစိုက်ဖို့ ပြောချင်ပါတယ်။” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က အင်အား ၁၃ ယောက်နီးပါးဖြင့် ကြိုတင်ကင်းပုန်းဝပ် စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့သော်လည်း အနည်းအကျဉ်းသာ ထိခိုက်မှုရှိခဲ့ပြီး ယခုအခါ ဘေးကင်းရာကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်ရှိ ထုံးကြီးစခန်းနှင့် ကြက်တူရွေးကျေးရွာတွင် စခန်းအထိုင်ချထားကာ ရှိမ်းမကားစခန်းတွင်လည်း ပျူစောထီးများနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသော်လည်း စစ်ရေးလှုပ်ရှားမှု အခြေအနေများကို မတွေ့ရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ယမန်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဝက်လက်မြို့နယ် ရှိမ်းမကားလမ်းဆုံနေရာတွင်လည်း ကင်းပုန်းဝပ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s