သမိုင်းလမ်းဆုံ နှစ်ထပ်လုံခြုံရေး ရဲကင်းဘန် ကာသစ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ ဦးထိခိုက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ၊ နှစ်ထပ်လုံခြုံရေး ဘန်ကာသစ်အနီးတွင် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ဗုံးပေါက် ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အုန်းကနဲဆိုတဲ့ အသံကြားရတယ်။ စီးတီးမတ်နားမှာ လူနာတင်ကား ရပ်ထားတာလည်းတွေ့တယ်။ ၂ ဦးကို လူနာတင်ကားပေါ်တင်သွားတယ်။ ရဲလား၊ ပြည်သူလားမသိဘူး။ သေချာမသိသေးဘူးခင်ဗျ” ဟု အခင်းဖြစ်နေချိန် ဖြတ်သန်းသွားလာသူ ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

သမိုင်းလမ်းဆုံသည် စစ်ကောင်စီတပ်များက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားသည့်နေရာဖြစ်ပြီး နှစ်ထပ် ဘန်ကာ လုံခြုံရေး အဆောက် အအုံ အသစ်တည်ထောက်ကာ လက်နက်ကိုင်စစ်သားများ အမြဲချထားသည့်နေရာလည်းဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s