သိမ်းပိုက်ခံလိုက်ရသည့် ကြိတ်စခန်းသည် စခန်းသိမ်းတိုက်ပွဲ မဆင်နွှဲခင်က စစ်ကောင်စီတပ်သားနှင့် BGF ၆ ဦး CDMပြုလုပ်ခဲ့

ကရင်ပြည်နယ်၊ ကော့ရိတ်မြို့နယ်ရှိ စစ်ကောင်စီခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို စက်တင်ဘာ၂၀ရက်နေ့ နေ့လယ်၂နာရီ ၁၉မိနစ်တွင် KNLA, ဒေါနစစ်ကြောင်း-SOGတို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်သိမ်းပိုက်ခံရသည့် ကြိတ်စခန်းသည် တစ်လကျော်ကြာ ပိတ်ဆို့ခံထားရသည့် စခန်းတစ်ခုဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲ မစခင် ရက်ပိုင်းအလိုတွင် စစ်ကောင်စီတပ်သားနှင့် BGF ခြောက်ဦး CDMပြုလုပ်ခဲ့ကြောင်း သိရသည်။

“စခန်းက ခမရ (၅၅၇)တပ်စွဲထားတယ်၊ BGF ခြောက်ယောက်လည်း ရှိတယ်၊ ကျနော်တို့ ပိတ်ဆို့ထားတဲ့ အချိန်မှာပဲ BGF သုံးယောက်က သူတို့ဌာနကို ပြန်သွားတယ်၊ ကျန်တဲ့ သုံးယောက်က CDMလုပ်လာတယ်၊ သူတို့ (၅၅၇)ထဲကပဲ သုံးယောက် CDMထပ်လုပ်တယ်”ဟု ဒေါနစစ် ကြောင်းမှူးစောတာလောမှ ပြောသည်။

ကြိတ်စခန်းသည် ကျိုက်ဒုံမြို့နယ်မှ ဗျူဟာကုန်း၏ ရှေ့ကာကင်းစခန်းတစ်ခုဖြစ်ကြောင်းသိရသည်။

“ အဲ့စခန်းအတွက် ကြိတ်ရွာက ဒေသခံတွေက ရေခပ်ပေးရတယ်၊ တစ်နေ့ သုံးကြိမ်ပေါ့နော်၊ အဲ့ဒါက အဆင်မပြေဘူးလေ၊ စခန်းသိမ်းပြီး လက် နက်တွေသိမ်းတယ်၊ စစ်ကောင်စီဘက်က ခုနစ်ယောက်သေတယ်၊ နှစ်ယောက်ဖမ်းမိတယ်၊ စခန်းမှာတော့ အထိုင်မနေဘူး၊ ချက်ခြင်းပြန်ဆုတ်လာတယ်”ဟု ဒေါနစစ်ကြောင်းမှူး စောတာလောမှ ပြောသည်။

ဖမ်းဆီးရမိသူများနှင့် သေဆုံးသူများသည် တပ်ကြပ်ကြီးရာထူးအဆင့်ရှိသူများပါဝင်နေပြီး အရာရှိများသည် စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ MA ကျည်ဘောက်- ၁၇ ခု၊ 9MM-၄၄တောင့်၊ 16 ကျည်ဘောက်- ၄ခု၊ sinper ကျည်ဘောက်-သုံးခု ၊ 60MM-၁၂လုံး၊ 73MM-လုံး၊ အီနာဂါ-တစ်လုံး၊ 40MM-10၊ BA109 လက်ပစ်ဗုံး- လုံး၊ 73ယမ်းတောင့် -ငါးတောင့်၊ စက်လတ်ကျည်-၂၂၉ တောင့်၊ AKကျည်ဘောက်ဝိုင်း- တစ်ခု၊ စကားပြောစက်- နှစ်လုံး၊ ဖုန်း- သုံးလုံး ၊ ကပစ 5.56- ၂၂၂၃တောင့်၊ စိန်ပြောင်းချိန်သီး- တစ်ခု၊ MA5 ကျည်- နှစ်တောင့်၊ RPG- နှစ်လက်၊ BA 100 စိန်ပြောင်း-တစ်ခု၊ ငါးကြင်းမြီးစက်လက်- တစ်လက်၊ ပြောင်းပို-တစ်ခု၊ AK-1၊ MAS sinper- တစ်လက်၊ MA4.MAK ပူးတွဲ-တစ်လက်၊ MA1-နှစ်လက်၊ MA3-နှစ်လက်၊ MA5-နှစ်လက်၊ MG3-တစ်လက် စသည့်လက်နက်များဖြစ်ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s